11. သူသည် ယခင်က သင့်အတွက် အသုံးမဝင်သူဖြစ်ခဲ့သော်လည်း ယခုမူကား သင့်အတွက်ရော ငါ့အတွက်ပါ အသုံးဝင်သူဖြစ်လာ၏။
12. သူ့ကို သင့်ထံသို့ ငါပြန်ပို့လိုက်၏။ သူသည် ငါ၏အသည်းနှလုံးဖြစ်၏။
13. ငါသည် ကောင်းမြတ်သောသတင်းအတွက် အချုပ်အနှောင်ခံရစဉ် သင့်ကိုယ်စား ငါ့ကိုကူညီဆောင်ရွက်ပေးနိုင်ရန် သူ့ကို ငါ့ထံ၌ ခေါ်ထားလိုပါ၏။
14. သို့သော် သင်ပြုသောကောင်းမှုသည် မလွှဲမရှောင်သာ၍ပြုရခြင်းမျိုးမဟုတ်ဘဲ မိမိဆန္ဒအလျောက်ဖြစ်စေရန် သင်၏သဘောတူညီချက်မပါလျှင် မည်သည့်အရာကိုမျှ ငါမပြုလိုပါ။
15. သူသည် သင်နှင့် ခေတ္တခဏကွဲကွာခဲ့ခြင်းမှာ သင်သည် သူ့ကို ထာဝစဉ်ရရှိနိုင်ရန်အတွက် ဖြစ်ကောင်းဖြစ်လိမ့်မည်။
16. ထိုသို့ဆိုရာ၌ ကျွန်တစ်ဦးကဲ့သို့မဟုတ်တော့ဘဲ ကျွန်ထက် ပို၍မြတ်သည့် ချစ်သောညီအစ်ကိုအဖြစ် ရရှိခြင်းကိုဆိုလို၏။ အထူးသဖြင့် ငါ့အတွက် ထိုသို့ဖြစ်လေပြီ။ သင့်အတွက်မူကား သွေးသား၌လည်းကောင်း၊ သခင်ဘုရား၌လည်းကောင်း မည်မျှပို၍ ထိုကဲ့သို့ဖြစ်လိမ့်မည်နည်း။