6. စိတ်အားထက်သန်မှုအရဆိုလျှင် အသင်းတော်ကိုညှဉ်းဆဲသောသူ၊ ပညတ်တရားအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းအရဆိုလျှင် အပြစ်တင်စရာမရှိသောသူဖြစ်၏။
7. သို့သော် ငါ့အတွက် အကျိုးကျေးဇူးဖြစ်ခဲ့သော ဤအရာတို့ကို ခရစ်တော်ကိုထောက်လျက် အရှုံးဟူ၍ ငါမှတ်ယူ၏။
8. ထိုမျှမက ငါ၏သခင်ခရစ်တော်ယေရှုကို သိသောဉာဏ်၏ထူးမြတ်သောအကျိုးကျေးဇူးကြောင့် အရာခပ်သိမ်းကို အရှုံးဟူ၍ ငါမှတ်ယူ၏။ ထိုသခင်ကိုထောက်၍ အရာခပ်သိမ်းတို့ကို ငါအဆုံးရှုံးခံပြီး ၎င်းတို့ကို မစင်ကဲ့သို့ ငါမှတ်ယူ၏။
9. ဤသည်ကား ငါသည် ပညတ်တရားနှင့်ဆိုင်သော ငါ၏ဖြောင့်မတ်ခြင်းမဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအပေါ်၌အခြေခံသည့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုရရှိ၍ ခရစ်တော်ကိုရရှိကာ ကိုယ်တော်၌ တွေ့မြင်ခြင်းခံရရန်အတွက်ဖြစ်၏။
10. ထို့ပြင် ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းတန်ခိုးကိုလည်းကောင်း၊ ကိုယ်တော်၏ဒုက္ခဝေဒနာကိုမျှဝေခံယူခြင်းကိုလည်းကောင်း သိရှိ၍ ကိုယ်တော်၏အသေခံခြင်း၌ တစ်သဏ္ဌာန်တည်းဖြစ်ခြင်းအခွင့်ကိုရရှိကာ
11. သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းသို့ တစ်နည်းနည်းဖြင့် ရောက်ရှိနိုင်ရန်အတွက်ဖြစ်၏။
12. ငါသည် ထိုအခွင့်ကိုရရှိပြီ သို့မဟုတ် စုံလင်ခြင်းသို့ရောက်ပြီဟု ဆိုလိုသည်မဟုတ်ဘဲ ခရစ်တော်ယေရှုသည် ထိုအခွင့်အတွက် ငါ့ကို ဖမ်းကိုင်ထားသည်ဖြစ်၍ ငါသည်လည်း ထိုအခွင့်ကို ဖမ်းကိုင်နိုင်ရန် ကြိုးစားလျက်ရှိ၏။
13. ညီအစ်ကိုတို့၊ ငါဖမ်းကိုင်ထားပြီဟု ငါကိုယ်တိုင်မမှတ်ယူ။ သို့သော် ငါပြုသောအရာတစ်ခုမှာ နောက်၌ရှိသောအရာများကိုမေ့ထား၍ ရှေ့၌ရှိသောအရာများသို့တက်လှမ်းကာ