1. နောက်ဆုံးအနေဖြင့်ဆိုရလျှင် ငါ့ညီအစ်ကိုတို့၊ သခင်ဘုရား၌ဝမ်းမြောက်ကြလော့။ သင်တို့ထံသို့ တူညီသောအကြောင်းများကို ထပ်၍ရေးသားခြင်းသည် ငါ့အတွက် ပင်ပန်းစရာမဟုတ်ဘဲ သင်တို့အတွက် ဘေးဆီးရန်ကာဖြစ်၏။
2. ခွေးများကို သတိပြုကြလော့။ မကောင်းသောလုပ်သားများကို သတိပြုကြလော့။ ကိုယ်အင်္ဂါလှီးဖြတ်သောသူတို့ကို သတိပြုကြလော့။
3. အကြောင်းမူကား ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်ဝတ်ပြု၍ ခရစ်တော်ယေရှု၌ဝါကြွားလျက် အသွေးအသား၌ကိုးစားခြင်းမရှိသောငါတို့သည် အရေဖျားလှီးထားသောသူအစစ်အမှန်ဖြစ်ကြ၏။