23. ထို့ကြောင့် ငါ၏အမှုကိစ္စ မည်သို့ဖြစ်မည်ကို သိလျှင်သိချင်း သူ့ကိုစေလွှတ်နိုင်မည်ဟု ငါမျှော်လင့်ထား၏။
24. ငါကိုယ်တိုင်လည်း မကြာမီရောက်လာနိုင်မည်ဟု သခင်ဘုရား၌ ငါယုံကြည်စိတ်ချ၏။
25. သို့သော် ငါ၏ညီ၊ ငါ၏လုပ်ဖော်ဆောင်ဖက်နှင့် ရဲဘော်ရဲဘက်ဖြစ်သည့်အပြင် ငါ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသော သင်တို့၏စေတမန် ဧပဖြောဒိတ်ကို သင်တို့ထံသို့စေလွှတ်ရန် လိုအပ်သည်ဟု ငါယူဆ၏။
26. အဘယ်ကြောင့်ဆိုသော် သူသည် သင်တို့အားလုံးကိုလွမ်းဆွတ်နေပြီး သူနာမကျန်းဖြစ်ကြောင်း သင်တို့ကြားသိကြသည့်အတွက် စိတ်ပူပန်နေ၏။