21. အကြောင်းမူကား ငါ့အနေဖြင့် အသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်၏။ သေခြင်းသည်လည်း အကျိုးကျေးဇူးဖြစ်၏။
22. သို့သော် ဤကိုယ်ခန္ဓာ၌ ဆက်၍အသက်ရှင်လျှင် ငါသည် အကျိုးရှိသောအမှုကိုလုပ်ဆောင်နိုင်၏။ ထိုအခါ မည်သည့်အရာရွေးချယ်ရမည်ကို ငါမသိ။
23. သို့ဖြစ်၍ ငါသည် ဤနှစ်ခုကြား၌ အကျပ်ရိုက်နေ၏။ ငါသည် ဤဘဝကိုစွန့်ခွာ၍ ခရစ်တော်နှင့်အတူရှိရန် ဆန္ဒရှိ၏။ ထိုသို့ဖြစ်လျှင် များစွာသာလွန်ကောင်းမွန်၏။
24. သို့သော် ဤကိုယ်ခန္ဓာ၌ ငါဆက်၍ရှိနေခြင်းသည် သင်တို့အတွက် ပိုမိုလိုအပ်၏။