တ​မန်​တော်​ဝတ္ထု 9:26-30 Myanmar Standard Bible (MSB)

26. ရှော​လု​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ရောက်​သော​အ​ခါ တ​ပည့်​တော်​များ​နှင့်​ပေါင်း​ဖော်​ရန် ကြိုး​စား​သော်​လည်း သူ​တို့​အား​လုံး​သည် သူ့​ကို တ​ပည့်​တော်​ဖြစ်​ကြောင်း မ​ယုံ​ဘဲ ကြောက်​နေ​ကြ​၏။

27. သို့​သော် ဗာ​န​ဗ​သည် သူ့​ကို​ဖေး​မ​၍ တ​မန်​တော်​တို့​ထံ​သို့ ခေါ်​ဆောင်​လာ​ပြီး​လျှင် ရှော​လု​သည် လမ်း​ခ​ရီး​၌ သ​ခင်​ဘု​ရား​ကို တွေ့​မြင်​ခဲ့​ပုံ​မှ​စ​၍ သ​ခင်​ဘု​ရား​က သူ့​အား​မိန့်​တော်​မူ​ခဲ့​ပုံ​နှင့် ဒ​မတ်​စ​ကပ်​မြို့​တွင် ယေ​ရှု​၏​နာ​မ​တော်​၌ ရဲ​ရင့်​စွာ သူ​ဟော​ပြော​ခဲ့​ပုံ​တို့​ကို သူ​တို့​အား ပြော​ပြ​လေ​၏။

28. ထို့​နောက် ရှော​လု​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ သူ​တို့​နှင့်​အ​တူ​နေ​လျက် ဝင်​ထွက်​သွား​လာ​ကာ သ​ခင်​ဘု​ရား​၏​နာ​မ​တော်​၌ ရဲ​ရင့်​စွာ​ဟော​ပြော​လေ​၏။

29. သူ​သည် ဂ​ရိ​စ​ကား​ကို​ပြော​သော​ဂျူး​လူ​မျိုး​တို့​နှင့် ဆွေး​နွေး​ပြော​ဆို​လျက်​နေ​၏။ သို့​သော် သူ​တို့​သည် ရှော​လု​ကို​သတ်​ရန် ကြံ​စည်​အား​ထုတ်​ကြ​၏။

30. ထို​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​ကြား​သိ​ကြ​သော​အ​ခါ သူ့​ကို ဆီ​ဇာ​ရီး​ယား​မြို့​သို့ ခေါ်​ဆောင်​သွား​၍ တာ​ရှု​မြို့​သို့​လွှတ်​လိုက်​ကြ​၏။

တ​မန်​တော်​ဝတ္ထု 9