တ​မန်​တော်​ဝတ္ထု 8:7-25 Myanmar Standard Bible (MSB)

7. အ​ကြောင်း​မူ​ကား များ​စွာ​သော​သူ​တို့​ထံ​၌​ပူး​နေ​သည့် ညစ်​ညူး​သော​နတ်​တို့​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့်​အော်​ဟစ်​လျက် ထွက်​သွား​ကြ​၏။ လေ​ဖြတ်​သော​သူ​နှင့် ခြေ​မ​သန်​စွမ်း​သူ​များ​စွာ​တို့​သည်​လည်း အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​ကြ​၏။

8. သို့​ဖြစ်​၍ ထို​မြို့​၌ ကြီး​စွာ​သော​ဝမ်း​မြောက်​ခြင်း​ရှိ​လေ​၏။

9. ထို​မြို့​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ယ​ခင်​က​တည်း​က မှော်​အ​တတ်​ကို​သုံး​၍ ရှ​မာ​ရိ​နယ်​သား​တို့​ကို အံ့​ဩ​ငေး​မော​စေ​ကာ မိ​မိ​ကိုယ်​ကို​ထူး​မြတ်​သူ​တစ်​ဦး​ဖြစ်​သည်​ဟု​ဆို​လေ့​ရှိ​၏။

10. လူ​ကြီး​လူ​ငယ်​ရှိ​သ​မျှ​တို့​သည် သူ့​ကို​အာ​ရုံ​စိုက်​လျက် “ဤ​သူ​သည် ကြီး​မြတ်​ခြင်း​ဟု​ခေါ်​သော ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

11. သူ​တို့​သည် သူ့​ကို​အာ​ရုံ​စိုက်​ကြ​ခြင်း​မှာ သူ​သည် ကာ​လ​ကြာ​မြင့်​စွာ မှော်​အ​တတ်​ဖြင့် သူ​တို့​ကို အံ့​ဩ​ငေး​မော​စေ​ခဲ့​သော​ကြောင့်​ဖြစ်​၏။

12. သို့​သော် ဖိ​လိပ္ပု​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့် ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​အ​ကြောင်း​ကို ဟော​ပြော​သော​အ​ခါ လူ​တို့​သည် ယုံ​ကြည်​လျက် ယောက်ျား​များ​မှ​စ​၍ မိန်း​မ​များ​ပါ ဗတ္တိ​ဇံ​ခံ​ကြ​၏။

13. ရှိ​မုန်​ကိုယ်​တိုင်​သည်​လည်း ယုံ​ကြည်​၍ ဗတ္တိ​ဇံ​ခံ​ကာ ဖိ​လိပ္ပု​ကို​ဆည်း​ကပ်​လျက် နိ​မိတ်​လက္ခ​ဏာ​များ​နှင့် ကြီး​မား​သော​တန်​ခိုး​လက္ခ​ဏာ​များ​ဖြစ်​ပေါ်​သည်​ကို တွေ့​မြင်​၍ အံ့​ဩ​ငေး​မော​နေ​၏။

14. ရှ​မာ​ရိ​နယ်​သား​တို့​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို​လက်​ခံ​ကြ​ကြောင်း ဂျေ​ရု​ဆ​လင်​မြို့​တွင်​ရှိ​သော တ​မန်​တော်​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​ကြ​၏။

15. ထို​တ​မန်​တော်​နှစ်​ပါး​သည်​ရောက်​လာ​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ထို​သူ​တို့​ခံ​ယူ​ရ​ရှိ​မည့်​အ​ကြောင်း သူ​တို့​အ​တွက်​ဆု​တောင်း​ပေး​ကြ​၏။

16. အ​ဘယ်​ကြောင့်​ဆို​သော် ထို​သူ​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​၌ ဗတ္တိ​ဇံ​ခံ​ရုံ​မျှ​သာ​ရှိ​ကြ​ပြီး သူ​တို့​တွင် မည်​သူ့​အ​ပေါ်​၌​မျှ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သက်​ရောက်​ခြင်း​မ​ရှိ​သေး​သော​ကြောင့်​ဖြစ်​၏။

17. ထို့​နောက် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် သူ​တို့​အ​ပေါ်​လက်​တင်​ကြ​သော​အ​ခါ သူ​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​ကြ​၏။

18. တ​မန်​တော်​တို့​လက်​တင်​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​ကို လူ​တို့​ရ​ရှိ​ကြောင်း ရှိ​မုန်​မြင်​လျှင် တ​မန်​တော်​တို့​ထံ​သို့ ငွေ​ကို​ယူ​ဆောင်​လာ​၍

19. “အ​ကျွန်ုပ်​လက်​တင်​သူ​တိုင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​စေ​ရန် အ​ကျွန်ုပ်​အား​လည်း ဤ​အ​ခွင့်​ကို​ပေး​ပါ”​ဟု ဆို​လေ​၏။

20. ထို​အ​ခါ ပေ​တ​ရု​က “သင်​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​လက်​ဆောင်​ကို ငွေ​အား​ဖြင့်​ဝယ်​ယူ​နိုင်​သည်​ဟု​ထင်​မှတ်​သော​ကြောင့် သင်​၏​ငွေ​သည် သင်​နှင့်​အ​တူ​ပျက်​စီး​ပါ​စေ။

21. သင်​၏​စိတ်​နှ​လုံး​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ မ​မှန်​ကန်​သော​ကြောင့် သင်​သည် ဤ​အ​မှု​အ​ရာ​၌ ပါ​ဝင်​ခွင့်​မ​ရှိ။ သင့်​ဝေ​စု​လည်း​မ​ရှိ။

22. ထို့​ကြောင့် သင်​၌​ရှိ​သော ဤ​မ​ကောင်း​မှု​အ​တွက် နောင်​တ​ရ​လျက် သ​ခင်​ဘု​ရား​ထံ​ဆု​တောင်း​လော့။ သို့​ပြု​လျှင် သင့်​စိတ်​နှ​လုံး​၏​အ​ကြံ​အ​စည်​အ​တွက် သင်​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​ကောင်း​ခံ​ရ​လိမ့်​မည်။

23. အ​ကြောင်း​မူ​ကား သင်​သည် ခါး​သီး​သော​သည်း​ခြေ​နှင့် မ​တ​ရား​မှု​၏​အ​နှောင်​အ​ဖွဲ့​ထဲ​၌​ရှိ​နေ​သည်​ကို ငါ​မြင်​သည်”​ဟု ဆို​လေ​၏။

24. ရှိ​မုန်​က​လည်း “သင်​တို့​ပြော​သည့်​အ​ရာ​တစ်​ခု​မျှ အ​ကျွန်ုပ်​အ​ပေါ်​မ​သက်​ရောက်​စေ​ရန် အ​ကျွန်ုပ်​အ​တွက် သ​ခင်​ဘု​ရား​ထံ ဆု​တောင်း​ပေး​ကြ​ပါ”​ဟု ပြန်​ပြော​လေ​၏။

25. ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို သက်​သေ​ခံ​၍​ဟော​ပြော​ကြ​ပြီး​နောက် ရှ​မာ​ရိ​နယ်​သား​တို့​၏​ကျေး​ရွာ​များ​စွာ​တို့​၌​လည်း ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လျက် ဂျေ​ရု​ဆ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။

တ​မန်​တော်​ဝတ္ထု 8