တ​မန်​တော်​ဝတ္ထု 8:29-32 Myanmar Standard Bible (MSB)

29. ထို​အ​ခါ ဝိ​ညာဉ်​တော်​သည် ဖိ​လိပ္ပု​အား “ထို​ရ​ထား​အ​နီး​သို့​သွား​၍ ကပ်​ပြီး​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

30. ဖိ​လိပ္ပု​သည်​လည်း ပြေး​သွား​ရာ ထို​သူ​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​ဖတ်​နေ​သည်​ကို ကြား​သ​ဖြင့် “သင်​ဖတ်​နေ​သော​အ​ရာ​ကို နား​လည်​ပါ​သ​လော”​ဟု မေး​လေ​၏။

31. ထို​မှူး​မတ်​က​လည်း “အ​ကျွန်ုပ်​အား ရှင်း​ပြ​ပေး​သူ​မ​ရှိ​လျှင် မည်​သို့​နား​လည်​နိုင်​ပါ​မည်​နည်း”​ဟု ဆို​ပြီး​လျှင် ဖိ​လိပ္ပု​အား ရ​ထား​ပေါ်​တက်​၍ မိ​မိ​နှင့်​အ​တူ​ထိုင်​ရန် ဖိတ်​ခေါ်​လေ​၏။

32. ထို​သူ​ဖတ်​နေ​သည့်​ကျမ်း​ပိုဒ်​မှာ “သူ​သည် သတ်​ရန်​လျာ​ထား​သော​သိုး​ကဲ့​သို့ ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ သိုး​သ​ငယ်​သည် အ​မွေး​ညှပ်​သူ​ရှေ့​၌ တိတ်​ဆိတ်​စွာ​နေ​သ​ကဲ့​သို့ မိ​မိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။

တ​မန်​တော်​ဝတ္ထု 8