တ​မန်​တော်​ဝတ္ထု 7:7-10 Myanmar Standard Bible (MSB)

7. ဘု​ရား​သ​ခင်​က ‘သူ​တို့​ကျွန်​ခံ​ရ​သော​လူ​မျိုး​ကို ငါ​စီ​ရင်​မည်။ ထို့​နောက် သူ​တို့​သည် ထွက်​ခွာ​လာ​၍ ဤ​နေ​ရာ​၌ ငါ့​ကို​ဝတ်​ပြု​ကြ​လိမ့်​မည်’​ဟု မိန့်​တော်​မူ​၏။

8. ဘု​ရား​သ​ခင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​နှင့်​ဆိုင်​သော​ပ​ဋိ​ညာဉ်​ကို​လည်း အာ​ဗြ​ဟံ​အား​ပေး​တော်​မူ​သ​ဖြင့်​သူ​သည် သား​ဣ​ဇက်​ကို​ရ​သော​အ​ခါ ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား အ​ရေ​ဖျား​လှီး​ခြင်း​ပေး​ခဲ့​၏။ ဣ​ဇက်​သည် သား​ယာ​ကုပ်​ကို​ရ​ပြီး ယာ​ကုပ်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​ဘိုး​ဘေး​တို့​၏​ဖ​ခင်​ဖြစ်​လာ​၏။

9. ဘိုး​ဘေး​တို့​သည် ယော​သပ်​ကို​မ​နာ​လို​သ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ရောင်း​လိုက်​ကြ​၏။ သို့​သော် ဘု​ရား​သ​ခင်​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၍

10. သူ​၏​ဆင်း​ရဲ​ဒုက္ခ​အ​လုံး​စုံ​တို့​ထဲ​မှ သူ့​ကို​ကယ်​နုတ်​ပြီး သူ့​အား​ဉာဏ်​ပ​ညာ​ကို​ပေး​လျက် အီ​ဂျစ်​ဘု​ရင် ဖာ​ရော​မင်း​ရှေ့​၌ မျက်​နှာ​ရ​စေ​တော်​မူ​၏။ ထို​အ​ခါ ဖာ​ရော​မင်း​သည် အီ​ဂျစ်​ပြည်​နှင့်​မိ​မိ​၏​နန်း​တော်​တစ်​ခု​လုံး​ကို ဦး​ဆောင်​သူ​အ​ဖြစ် သူ့​ကို​ခန့်​ထား​လေ​၏။

တ​မန်​တော်​ဝတ္ထု 7