တ​မန်​တော်​ဝတ္ထု 7:48-52 Myanmar Standard Bible (MSB)

48. သို့​ရာ​တွင် အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လူ့​လက်​ဖြင့်​တည်​ဆောက်​သော​ဗိ​မာန်​များ​တွင် ကိန်း​ဝပ်​တော်​မ​မူ။

49. ဤ​သည်​ကား ‘ကောင်း​ကင်​သည် ငါ​၏​ပလ္လင်​ဖြစ်​၏။ မြေ​ကြီး​သည် ငါ​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ သင်​တို့​သည် မည်​သို့​သော​အိမ်​ကို ငါ့​အ​တွက်​တည်​ဆောက်​ကြ​မည်​နည်း။ မည်​သည့်​အ​ရပ်​သည် ငါ​နား​နေ​ရာ​အ​ရပ်​ဖြစ်​မည်​နည်း။

50. ငါ့​လက်​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သည်​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏’​ဟူ​၍ ပ​ရော​ဖက်​ဆို​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

51. ခေါင်း​မာ​၍ နား​နှင့်​စိတ်​နှ​လုံး​တို့​၌ အ​ရေ​ဖျား​လှီး​ခြင်း​မ​ရှိ​သော​သူ​တို့၊ သင်​တို့​သည်​လည်း သင်​တို့​၏​ဘိုး​ဘေး​များ​နည်း​တူ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို အ​စဉ်​ဆန့်​ကျင်​ဘက်​ပြု​ကြ​၏။

52. သင်​တို့​ဘိုး​ဘေး​များ မ​ညှဉ်း​ဆဲ​ခဲ့​သော​ပ​ရော​ဖက်​တစ်​ပါး​ပါး​ရှိ​သ​လော။ သူ​တို့​သည် ဖြောင့်​မတ်​သော​အ​ရှင်​ကြွ​လာ​မည့်​အ​ကြောင်း ကြို​တင်​ဟော​ပြော​သော​သူ​များ​ကို​သတ်​ခဲ့​ကြ​၏။ ယ​ခု သင်​တို့​သည် ထို​ဖြောင့်​မတ်​သော​အ​ရှင်​ကို သစ္စာ​ဖောက်​သော​သူ​နှင့် သတ်​ဖြတ်​သော​သူ​များ​ဖြစ်​ကြ​ပြီ။

တ​မန်​တော်​ဝတ္ထု 7