4. ပေတရုသည် ယောဟန်နှင့်အတူ သူ့ကိုစေ့စေ့ကြည့်လျက် “ငါတို့ကိုကြည့်ပါ”ဟု ဆို၏။
5. ထိုသူသည်လည်း သူတို့ထံမှ တစ်စုံတစ်ခုရမည်ဟုမျှော်လင့်၍ သူတို့ကို အာရုံစိုက်လျက်နေ၏။
6. ထိုအခါ ပေတရုက “ငါ၌ ရွှေ၊ ငွေမရှိ။ သို့သော် ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်၌ ထ၍ လမ်းလျှောက်လော့”ဟု ဆိုလျက်
7. ထိုသူ၏လက်ယာလက်ကိုဆုပ်ကိုင်၍ ထူမလိုက်ရာ သူ၏ခြေနှင့်ခြေကျင်းဝတ်တို့သည် ချက်ချင်းသန်မာလာသဖြင့်
8. သူသည် ထခုန်လျက်မတ်တတ်ရပ်ကာ လမ်းလျှောက်လေ၏။ ထို့နောက် လမ်းလျှောက်လျက်၊ ခုန်ပေါက်လျက်၊ ဘုရားသခင်ကိုချီးမွမ်းလျက် တမန်တော်တို့နှင့်အတူ ဗိမာန်တော်ထဲသို့ဝင်လေ၏။
9. ထိုအခါ လူအပေါင်းတို့သည် လမ်းလျှောက်လျက် ဘုရားသခင်ကိုချီးမွမ်းနေသော ထိုသူကိုမြင်၍