36. ပေါလုသည် ဤသို့ဆိုပြီးနောက် ဒူးထောက်လျက် ထိုသူအပေါင်းတို့နှင့်အတူ ဆုတောင်းလေ၏။
37. သူတို့အားလုံးသည် အလွန်ငိုကြွေးလျက် ပေါလုကိုဖက်၍ နမ်းကြ၏။
38. အထူးသဖြင့် သူ၏မျက်နှာကို မြင်တွေ့ရတော့မည်မဟုတ်ဟု ပေါလုပြောသည့်စကားကြောင့် သူတို့သည် ဝမ်းနည်းကြေကွဲကြ၏။ ထို့နောက် သူ့ကို သင်္ဘောဆီသို့ လိုက်ပို့ကြ၏။