တ​မန်​တော်​ဝတ္ထု 13:1-4 Myanmar Standard Bible (MSB)

1. အန္တိ​အုတ်​မြို့​၌​ရှိ​သော​အ​သင်း​တော်​တွင် ဗာ​န​ဗ၊ နိ​ဂါ​ဟု​ခေါ်​သော​ရှိ​မောင်၊ ကု​ရေ​နေ​မြို့​သား​လု​ကိ၊ နယ်​စား​ဟေ​ရုဒ်​နှင့်​နို့​စို့​ဖက်​ဖြစ်​သူ​မာ​နင်​နှင့် ရှော​လု စ​သည့်​ပ​ရော​ဖက်​များ​နှင့်​ဆ​ရာ​များ​ရှိ​ကြ​၏။

2. သူ​တို့​သည် သ​ခင်​ဘု​ရား​ကို​ဝတ်​ပြု​လျက် အ​စာ​ရှောင်​နေ​ကြ​စဉ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က “ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို သူ​တို့​အ​တွက်​ငါ​သတ်​မှတ်​ထား​သော​အ​မှု​ကို​ဆောင်​ရွက်​စေ​ရန် ငါ့​အ​တွက် သီး​သန့်​ရွေး​ချယ်​ထား​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

3. ထို​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​၍ ဆု​တောင်း​ကြ​ကာ ထို​သူ​နှစ်​ဦး​တို့​အ​ပေါ် လက်​တင်​ပြီး​နောက် သူ​တို့​ကို​စေ​လွှတ်​လိုက်​ကြ​၏။

4. ဤ​သို့​ဖြင့် သူ​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​စေ​လွှတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​၍ သေ​လု​ကိ​မြို့​သို့ ဆင်း​သွား​ပြီး​လျှင် ထို​မြို့​မှ ဆိုက်​ပ​ရပ်​ကျွန်း​သို့ ရွက်​လွှင့်​ကြ​၏။

တ​မန်​တော်​ဝတ္ထု 13