တ​မန်​တော်​ဝတ္ထု 1:18-22 Myanmar Standard Bible (MSB)

18. သူ​သည် မ​တ​ရား​မှု​ကြောင့်​ရ​ရှိ​သော​အ​ဖိုး​အ​ခ​ဖြင့် မြေ​တစ်​ကွက်​ကို​ဝယ်​ယူ​ပြီး​နောက် ဇောက်​ထိုး​ကျ​လျက် ဝမ်း​ဗိုက်​ပေါက်​သ​ဖြင့် သူ​၏​အူ​များ​အ​ကုန်​ထွက်​ကျ​လေ​၏။

19. ထို​အ​ကြောင်း​ကို ဂျေ​ရု​ဆ​လင်​မြို့​၌ နေ​ထိုင်​သော​သူ​အ​ပေါင်း​တို့​သည်​သိ​၍ ထို​မြေ​ကို မိ​မိ​တို့​ဘာ​သာ​စ​ကား​ဖြင့် အ​ကေ​လ​ဒ​မ​ဟု​ခေါ်​ဆို​ကြ​၏။ ၎င်း​၏​အ​ဓိပ္ပာယ်​မှာ သွေး​မြေ​ဟူ​၍​ဖြစ်​၏။

20. အ​မှန်​စင်​စစ် ဆာ​လံ​ကျမ်း​၌ ‘သူ​၏​နေ​ရပ်​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​ဖြစ်​ပါ​စေ။ ထို​အ​ရပ်​၌ နေ​ထိုင်​သော​သူ​မ​ရှိ​ပါ​စေ​နှင့်။ သူ​၏​အ​ရိုက်​အ​ရာ​ကို​လည်း အ​ခြား​သူ​ယူ​ပါ​စေ’​ဟု ရေး​ထား​၏။

21. ထို့​ကြောင့် သ​ခင်​ယေ​ရှု​သည် ငါ​တို့​ထံ​၌ ဝင်​ထွက်​သွား​လာ​သည့်​အ​ချိန်​တစ်​လျှောက်​လုံး၊

22. တစ်​နည်း​အား​ဖြင့် ယော​ဟန်​ဗတ္တိ​ဇံ​ပေး​သည့်​အ​ချိန်​မှ​စ​၍ ငါ​တို့​ထံ​မှ အ​ထက်​သို့ ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​သည့်​နေ့​ရက်​တိုင်​အောင် ငါ​တို့​နှင့်​လိုက်​ပါ​သူ​များ​ထဲ​မှ တစ်​ဦး​သည် ကိုယ်​တော်​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ငါ​တို့​နှင့်​အ​တူ သက်​သေ​ခံ​သူ​ဖြစ်​ရ​မည်”​ဟု ဆို​လေ​၏။

တ​မန်​တော်​ဝတ္ထု 1