တ​မန်​တော်​ဝတ္ထု 1:10-14 Myanmar Standard Bible (MSB)

10. ထို​သို့ ကိုယ်​တော်​တက်​သွား​တော်​မူ​စဉ် သူ​တို့​သည် ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​နေ​ကြ​ရာ ဖြူ​ဖွေး​သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သော လူ​နှစ်​ဦး​တို့​သည် သူ​တို့​အ​နီး​၌​ရပ်​၍

11. “ဂါ​လိ​လဲ​နယ်​သား​တို့၊ အ​ဘယ်​ကြောင့်​ရပ်​လျက် ကောင်း​ကင်​ကို စူး​စိုက်​ကြည့်​နေ​ကြ​သ​နည်း။ သင်​တို့​ထံ​မှ ကောင်း​ကင်​သို့ ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​သော ထို​ယေ​ရှု​သည် ကောင်း​ကင်​သို့​တက်​သွား​တော်​မူ​သည်​ကို သင်​တို့​မြင်​ရ​သည့်​အ​တိုင်း​ပင် တစ်​ဖန်​ကြွ​လာ​တော်​မူ​လိမ့်​မည်”​ဟု မြွက်​ဆို​ကြ​၏။

12. ထို့​နောက် သူ​တို့​သည် သံ​လွင်​အ​မည်​ရှိ​သော​တောင်​မှ ဂျေ​ရု​ဆ​လင်​မြို့​သို့ ပြန်​သွား​ကြ​၏။ ထို​တောင်​သည် ဂျေ​ရု​ဆ​လင်​မြို့​အ​နီး၊ ဥ​ပုသ်​နေ့​ခ​ရီး​အ​ကွာ​အ​ဝေး​၌​ရှိ​၏။

13. သူ​တို့​သည် မြို့​ထဲ​သို့​ဝင်​သော​အ​ခါ မိ​မိ​တို့​တည်း​နေ​သော အိမ်​၏​အ​ထက်​ခန်း​သို့​တက်​ကြ​၏။ ထို​သူ​တို့​မှာ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အန္ဒြေ၊ ဖိ​လိပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး​ချစ်​ပုဂ္ဂိုလ်​ရှိ​မုန်​နှင့် ယာ​ကုပ်​၏​သား​ယု​ဒ​တို့​ဖြစ်​ကြ​၏။

14. သူ​တို့​အား​လုံး​သည် အ​မျိုး​သ​မီး​များ​နှင့် ယေ​ရှု​၏​မယ်​တော်​မာ​ရိ​မှ​စ​၍ ကိုယ်​တော်​၏​ညီ​တော်​များ​နှင့်​အ​တူ တစ်​စိတ်​တစ်​သ​ဘော​တည်း​ဖြင့် ဆု​တောင်း​ခြင်း​အ​မှု​ကို အ​စဉ်​တ​စိုက်​ပြု​နေ​ကြ​၏။

တ​မန်​တော်​ဝတ္ထု 1