တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6:1-2 Myanmar Standard Bible (MSB)

1. ဘု​ရား​သ​ခင်​၏​နာ​မ​တော်​နှင့်​သွန်​သင်​ချက်​တို့​သည် စော်​ကား​ပြော​ဆို​ခြင်း​မ​ခံ​ရ​စေ​ရန် ကျွန်​ထမ်း​ပိုး​အောက်​၌​ရှိ​သ​မျှ​သော​သူ​တို့​သည် မိ​မိ​တို့​သ​ခင်​များ​ကို အ​ပြည့်​အ​ဝ​ရို​သေ​ထိုက်​သူ​များ​ဟု မှတ်​ယူ​ကြ​ပါ​စေ။

2. မိ​မိ​တို့​သ​ခင်​သည် ယုံ​ကြည်​သူ​ဖြစ်​လျှင် သ​ခင်​သည် ညီ​အစ်​ကို​ဖြစ်​သည်​ဟု​ဆို​လျက် မ​ထီ​မဲ့​မြင်​မ​ပြု​ဘဲ သာ​၍​ကောင်း​စွာ​အ​စေ​ခံ​ကြ​စေ။ အ​ဘယ်​ကြောင့်​ဆို​သော် ကောင်း​သော​အ​စေ​ခံ​ခြင်း​၏​အ​ကျိုး​ကို ခံ​စား​ရ​သော​သ​ခင်​သည် ယုံ​ကြည်​သူ​ဖြစ်​ပြီး မိ​မိ​ချစ်​ရ​သော​သူ​လည်း​ဖြစ်​၏။ သင်​သည် ဤ​အ​ရာ​များ​ကို​သွန်​သင်​၍ တိုက်​တွန်း​နှိုး​ဆော်​လော့။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6