15. အကြောင်းမူကား အချို့သောမုဆိုးမတို့သည် လမ်းလွဲ၍ စာတန်နောက်သို့လိုက်သွားကြပြီ။
16. ယုံကြည်သူအမျိုးသမီးတစ်စုံတစ်ဦး၌ ဆွေမျိုးတော်စပ်သည့်မုဆိုးမများရှိလျှင် အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ထိုမုဆိုးမတို့ကို သူကိုယ်တိုင်ကူညီစောင့်ရှောက်ပါစေ။ သို့ပြုလျှင် အသင်းတော်သည် အမှန်တကယ်အကူအညီလိုအပ်သည့်မုဆိုးမများကို ကူညီစောင့်ရှောက်နိုင်လိမ့်မည်။
17. ကောင်းစွာစီမံအုပ်ချုပ်နေသောအသင်းတော်အကြီးအကဲများ အထူးသဖြင့် နှုတ်ကပတ်တော်ဝေငှခြင်းနှင့် သွန်သင်ခြင်းတို့အတွက် အားထုတ်လုပ်ဆောင်နေသောအကြီးအကဲများသည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု မှတ်ယူလော့။
18. အကြောင်းမူကား ကျမ်းစာက “စပါးနယ်နေသည့်နွားကို ပါးချုပ်မတပ်ရ”ဟူ၍လည်းကောင်း၊ “အလုပ်လုပ်သောသူသည် လုပ်အားခကို ရထိုက်၏”ဟူ၍လည်းကောင်း ဆိုထား၏။