8. သို့ဖြစ်၍ အမျိုးသားတို့သည် အမျက်ထွက်ခြင်းနှင့်ငြင်းခုံခြင်းတို့မရှိဘဲ အရပ်ရပ်တို့၌ သန့်ရှင်းသောလက်ကိုမြှောက်ချီ၍ဆုတောင်းကြရန် ငါအလိုရှိ၏။
9. ထိုနည်းတူ အမျိုးသမီးတို့သည်လည်း သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်လျက် ဣန္ဒြေစောင့်ခြင်းနှင့်ယဉ်ကျေးသိမ်မွေ့ခြင်းတို့ဖြင့် မိမိတို့ကိုယ်ကိုဆင်ယင်ကြ၍ ကျစ်သောဆံပင်နှင့် ရွှေ၊ ပုလဲ၊ တန်ဖိုးကြီးသောအဝတ်အစားစသည်တို့ဖြင့် မဟုတ်ဘဲ
10. ဘုရားသခင်အားကြည်ညိုလေးမြတ်ခြင်းရှိမည်ဟု ကတိပြုသောအမျိုးသမီးများနှင့်သင့်လျော်သည့်အရာတည်းဟူသော ကောင်းသောအမှုများဖြင့် မိမိကိုယ်ကိုဆင်ယင်ကြရန် ငါအလိုရှိ၏။
11. အမျိုးသမီးသည် အရာရာ၌နာခံခြင်းရှိ၍ တိတ်ဆိတ်စွာသင်ယူပါစေ။