တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4:11-16 Myanmar Standard Bible (MSB)

11. လု​ကာ​တစ်​ဦး​တည်း​သာ ငါ​နှင့်​အ​တူ​ရှိ​၏။ မာ​ကု​ကို သင်​နှင့်​အ​တူ​ခေါ်​ဆောင်​လာ​ခဲ့​လော့။ အ​ကြောင်း​မူ​ကား သူ​သည် ငါ့​အ​တွက် အ​မှု​တော်​လုပ်​ငန်း​၌ အ​သုံး​ဝင်​သူ​ဖြစ်​၏။

12. တု​ခိတ်​ကို​မူ​ကား ဧ​ဖက်​မြို့​သို့ ငါ​စေ​လွှတ်​လိုက်​၏။

13. သင်​လာ​သော​အ​ခါ တ​ရော​မြို့​တွင် ကာ​ပု​ထံ​၌ ငါ​ထား​ခဲ့​သည့် ဝတ်​လုံ​နှင့်​တ​ကွ စာ​လိပ်​များ အ​ထူး​သ​ဖြင့် သား​ရေ​ပု​ရ​ပိုက်​များ​ကို ယူ​ခဲ့​လော့။

14. ကြေး​ပန်း​တိမ်​ဆ​ရာ အ​လက်​ဇန္ဒြား​သည် ငါ့​ကို​အ​လွန်​ဒုက္ခ​ပေး​ခဲ့​၏။ သ​ခင်​ဘု​ရား​သည် သူ​ပြု​သော​အ​မှု​အ​တိုင်း သူ့​အား​ပေး​ဆပ်​တော်​မူ​လိမ့်​မည်။

15. သင်​သည်​လည်း သူ့​ကို​သ​တိ​ပြု​လော့။ အ​ကြောင်း​မူ​ကား သူ​သည် ငါ​တို့​၏​စ​ကား​ကို ပြင်း​ထန်​စွာ​ဆန့်​ကျင်​၏။

16. ငါ​၏​အ​မှု​အ​တွက် ပ​ထ​မ​အ​ကြိမ်​ချေ​ပ​ပြော​ဆို​ရာ​တွင် မည်​သူ​မျှ ငါ့​ဘက်​၌​မ​နေ​ဘဲ အား​လုံး​သည် ငါ့​ကို​စွန့်​ပစ်​ကြ​၏။ ဤ​အ​မှု​အ​ရာ​ကြောင့် သူ​တို့​၏​အ​ပြစ်​ကို မှတ်​တော်​မ​မူ​ပါ​စေ​နှင့်။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4