တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4:1-3 Myanmar Standard Bible (MSB)

1. ငါ​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​တို့​နှင့်​သေ​သော​သူ​တို့​ကို​စီ​ရင်​တော်​မူ​မည့် ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​၌​လည်း​ကောင်း ကိုယ်​တော်​၏​ပေါ်​ထွန်း​တော်​မူ​ခြင်း​နှင့် ကိုယ်​တော်​၏​နိုင်​ငံ​တော်​ကို​အ​ကြောင်း​ပြု​၍ သင့်​အား အ​လေး​အ​နက်​တိုက်​တွန်း​သည်​ကား

2. နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​လော့။ အ​ခွင့်​အ​ခါ​ကောင်း​သည်​ဖြစ်​စေ၊ မ​ကောင်း​သည်​ဖြစ်​စေ မ​ဆုတ်​မ​နစ်​ကြိုး​စား​လော့။ စိတ်​ရှည်​ခြင်း​အ​ပြည့်​အ​ဝ​ဖြင့်​သွန်​သင်​လျက် အ​ပြစ်​ဖော်​ပြ​ခြင်း၊ သ​တိ​ပေး​ခြင်း၊ တိုက်​တွန်း​နှိုး​ဆော်​ခြင်း​တို့​ကို​ပြု​လော့။

3. အ​ကြောင်း​မူ​ကား လူ​တို့​သည် မှန်​ကန်​ပြည့်​စုံ​သော​ဩ​ဝါ​ဒ​ကို သည်း​ခံ​နာ​ယူ​နိုင်​ခြင်း​မ​ရှိ​သ​ဖြင့် မိ​မိ​တို့​တပ်​မက်​ခြင်း​အ​တိုင်း နား​ခံ​သာ​သော​အ​ရာ​ကို​ဟော​ပြော​သည့်​ဆ​ရာ​များ​ကို​စု​ရုံး​စေ​ကာ

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4