15. စင်ကြယ်သောသူတို့အတွက် ခပ်သိမ်းသောအရာတို့သည် စင်ကြယ်ကြ၏။ သို့သော် ညစ်ညူး၍ ယုံကြည်ခြင်းမရှိသောသူတို့အတွက်မူကား မည်သည့်အရာမျှ မစင်ကြယ်သည်သာမက သူတို့၏စိတ်နှလုံးနှင့်အသိစိတ်တို့သည်လည်း ညစ်ညူးကြ၏။
16. သူတို့သည် ဘုရားသခင်ကိုသိသည်ဟု ဝန်ခံကြသော်လည်း သူတို့ပြုသောအမှုများအားဖြင့် ဘုရားသခင်ကိုငြင်းပယ်၍ ရွံရှာဖွယ်ကောင်းသောသူ၊ နာခံခြင်းမရှိသောသူ၊ ကောင်းသောအမှုရှိသမျှနှင့်မထိုက်တန်သောသူများဖြစ်ကြ၏။