3. တစ်စုံတစ်ယောက်သည် ဘာမျှမဟုတ်ဘဲလျက် မိမိကိုယ်ကိုအရေးပါသူဟု ထင်မှတ်လျှင် သူသည် မိမိကိုယ်ကိုလှည့်ဖြား၏။
4. လူတိုင်း မိမိပြုသောအမှုကို စစ်ဆေးပါစေ။ သို့ပြုလျှင် သူတစ်ပါး၌မဟုတ်ဘဲ မိမိတစ်ကိုယ်တည်း၌ ဂုဏ်ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
5. အကြောင်းမူကား လူတိုင်းသည် မိမိဝန်ကိုထမ်းရမည်ဖြစ်၏။
6. နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။