ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4:4-7 Myanmar Standard Bible (MSB)

4. သို့​သော် အ​ချိန်​ကာ​လ​ပြည့်​စုံ​ခြင်း​သို့​ရောက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် မိ​မိ​၏​သား​တော်​ကို​စေ​လွှတ်​တော်​မူ​၍ ထို​သား​တော်​သည် မိန်း​မ​တစ်​ဦး​မှ​မွေး​ဖွား​လျက် ပ​ညတ်​တ​ရား​အောက်​၌ ပေါ်​ထွန်း​တော်​မူ​၏။

5. ဤ​သည်​ကား ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော​သူ​တို့​ကို ရွေး​နုတ်​တော်​မူ​သ​ဖြင့် ငါ​တို့​သည် သား​သ​မီး​အ​ရာ​ကို​ရ​ရှိ​ကြ​ရန်​ဖြစ်​၏။

6. ထို​သို့ သင်​တို့​သည် သား​သ​မီး​များ​ဖြစ်​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​သည် “အဗ္ဗ၊ အ​ဖ”​ဟု ခေါ်​တတ်​သော မိ​မိ​သား​တော်​၏​ဝိ​ညာဉ်​တော်​ကို ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့ စေ​လွှတ်​တော်​မူ​၏။

7. သို့​ဖြစ်​၍ သင်​သည် ကျွန်​မ​ဟုတ်​တော့​ဘဲ သား​ဖြစ်​၏။ သား​ဖြစ်​လျှင် ဘု​ရား​သ​ခင်​အား​ဖြင့် အ​မွေ​ခံ​လည်း​ဖြစ်​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4