ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 3:16-22 Myanmar Standard Bible (MSB)

16. ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​နှင့်​သူ​၏​အ​မျိုး​အ​နွယ်​အား က​တိ​ပေး​တော်​မူ​ရာ​၌ အ​များ​ကို​ရည်​ညွှန်း​၍ “အ​မျိုး​အ​နွယ်​တို့”​ဟု မိန့်​တော်​မ​မူ​ဘဲ တစ်​ယောက်​သော​သူ​ကို​သာ​ရည်​ညွှန်း​၍ “သင်​၏​အ​မျိုး​အ​နွယ်”​ဟု မိန့်​တော်​မူ​၏။ ထို​သူ​ကား ခ​ရစ်​တော်​ဖြစ်​၏။

17. ငါ​ဆို​လို​သည်​မှာ ဤ​သို့​ဖြစ်​၏။ နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​လွန်​ပြီး​မှ ပေါ်​လာ​သည့်​ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်​ကြို​တင်​ဖွဲ့​ထား​သော​ပ​ဋိ​ညာဉ်​ကို မ​ပယ်​ဖျက်​သ​ကဲ့​သို့ က​တိ​တော်​ကို​လည်း မ​ပျက်​ပြယ်​စေ​နိုင်​ရာ။

18. အ​ကြောင်း​မူ​ကား အ​မွေ​တော်​သည် ပ​ညတ်​တ​ရား​အ​ပေါ်​၌​မူ​တည်​လျှင် က​တိ​တော်​အ​ပေါ်​၌ မ​မူ​တည်​တော့​ပေ။ သို့​သော် ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​အား ထို​အ​မွေ​တော်​ကို က​တိ​တော်​အား​ဖြင့် ပေး​သ​နား​တော်​မူ​ပြီ။

19. သို့​ဖြစ်​လျှင် ပ​ညတ်​တ​ရား​သည် အ​ဘယ်​ကြောင့်​ရှိ​ရ​သ​နည်း။ ၎င်း​သည် က​တိ​တော်​ကို​ခံ​ရ​သော​အ​မျိုး​အ​နွယ်​ပေါ်​ထွန်း​သည်​အ​ထိ ဖောက်​ဖျက်​ကျူး​လွန်​မှု​များ​ကြောင့် ဖြည့်​စွက်​ထား​ခြင်း​ခံ​ရ​ပြီး ကောင်း​ကင်​တ​မန်​များ​မှ​တစ်​ဆင့် ကြား​ဝင်​စေ့​စပ်​သူ​အား​ဖြင့် ပြဋ္ဌာန်း​ခြင်း​ခံ​ရ​၏။

20. ကြား​ဝင်​စေ့​စပ်​သူ​သည် တစ်​ဖက်​နှင့်​သာ​ဆိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​မူ​ကား တစ်​ပါး​တည်း​ဖြစ်​တော်​မူ​၏။

21. သို့​ဖြစ်​လျှင် ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်​၏​က​တိ​တော်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သ​လော။ လုံး​ဝ​မ​ဖြစ်​ပေ။ အ​ကြောင်း​မူ​ကား ပေး​အပ်​ထား​သော​ပ​ညတ်​တ​ရား​သည် အ​သက်​ရှင်​စေ​နိုင်​သည်​ဆို​လျှင် ဖြောင့်​မတ်​ခြင်း​ကို ထို​ပ​ညတ်​တ​ရား​အား​ဖြင့် အ​မှန်​ပင်​ရ​ရှိ​ခဲ့​ပေ​လိမ့်​မည်။

22. သို့​သော် ယေ​ရှု​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​နှင့်​စပ်​ဆိုင်​သော​က​တိ​တော်​ကို ယုံ​ကြည်​သော​သူ​တို့​အား​ပေး​အပ်​ရန် ကျမ်း​စာ​သည် လူ​အ​ပေါင်း​တို့​ကို အ​ပြစ်​တ​ရား​၏​လက်​အောက်​တွင် ချုပ်​နှောင်​ထား​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 3