ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 2:10-18 Myanmar Standard Bible (MSB)

10. သူ​တို့​၏​တစ်​ခု​တည်း​သော​မှာ​ကြား​ချက်​မှာ ဆင်း​ရဲ​သား​တို့​အား ငါ​တို့​သ​တိ​ရ​စေ​ရန်​ဖြစ်​၏။ ထို​အ​မှု​ကို​ပြု​ရန် ငါ​လည်း​ကြိုး​စား​အား​ထုတ်​လာ​ခဲ့​၏။

11. သို့​သော် အန္တိ​အုတ်​မြို့​သို့ ကေ​ဖ​ရောက်​လာ​သော​အ​ခါ သူ​၌​အ​ပြစ်​တင်​စ​ရာ​ရှိ​သော​ကြောင့် ငါ​သည် သူ့​ကို မျက်​နှာ​ချင်း​ဆိုင်​၍ ပိတ်​ပင်​တား​ဆီး​ရ​၏။

12. အ​ကြောင်း​မူ​ကား ယာ​ကုပ်​ထံ​မှ လူ​အ​ချို့​ရောက်​မ​လာ​မီ သူ​သည် လူ​မျိုး​ခြား​တို့​နှင့်​အ​တူ​စား​သောက်​၏။ သို့​သော် သူ​တို့​ရောက်​လာ​သော​အ​ခါ အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​ကို​ကြောက်​သ​ဖြင့် တွန့်​ဆုတ်​၍ သီး​ခြား​နေ​လေ​၏။

13. ထို​အ​ခါ ကျန်​သော​ဂျူး​အ​မျိုး​သား​တို့​သည်​လည်း သူ​နှင့်​အ​တူ သူ​တော်​ကောင်း​ယောင်​ဆောင်​ကြ​သ​ဖြင့် ဗာ​န​ဗ​ပင်​လျှင် သူ​တို့​၏​သူ​တော်​ကောင်း​ယောင်​ဆောင်​ခြင်း​သို့ လိုက်​ပါ​သွား​ခဲ့​၏။

14. သို့​သော် သူ​တို့​သည် ကောင်း​မြတ်​သော​သ​တင်း​၏​သမ္မာ​တ​ရား​နှင့်​အ​ညီ ဖြောင့်​မတ်​စွာ​လျှောက်​လှမ်း​ခြင်း​မ​ရှိ​သည်​ကို ငါ​မြင်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​ရှေ့​၌ ကေ​ဖ​အား “ဂျူး​လူ​မျိုး​ဖြစ်​သော​သင်​သည် ဂျူး​လူ​မျိုး​ကဲ့​သို့​မ​နေ​ထိုင်​ဘဲ လူ​မျိုး​ခြား​ကဲ့​သို့​နေ​ထိုင်​သည်​ဆို​လျှင် လူ​မျိုး​ခြား​တို့​ကို ဂျူး​လူ​မျိုး​ကဲ့​သို့​နေ​ထိုင်​ရန် အ​ဘယ်​ကြောင့် အ​တင်း​အ​ကျပ်​စေ​ခိုင်း​သ​နည်း”​ဟု ငါ​ဆို​၏။

15. ငါ​တို့​သည် အ​ပြစ်​သား​လူ​မျိုး​ခြား​တို့​ထဲ​မှ​မ​ဟုတ်​ဘဲ ဇာ​တိ​အား​ဖြင့် ဂျူး​လူ​မျိုး​များ​ဖြစ်​ကြ​၏။

16. သို့​သော် လူ​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ ယေ​ရှု​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ကြောင်း သိ​ကြ​သ​ဖြင့် ငါ​တို့​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ရန် ခ​ရစ်​တော်​ယေ​ရှု​ကို ယုံ​ကြည်​ကြ​၏။ အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော အ​ကျင့်​အား​ဖြင့် မည်​သူ​မျှ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

17. သို့​ရာ​တွင် ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ရန် ရှာ​ကြံ​နေ​ကြ​စဉ် ငါ​တို့​ကိုယ်​တိုင် အ​ပြစ်​သား​များ​ဖြစ်​ကြောင်း​တွေ့​ရှိ​ရ​သည်​ဆို​လျှင် ခ​ရစ်​တော်​သည် အ​ပြစ်​တ​ရား​၏​အ​မှု​ကို​ဆောင်​ရွက်​သူ​ဖြစ်​သ​လော။ လုံး​ဝ​မ​ဟုတ်​ပေ။

18. အ​ကြောင်း​မူ​ကား ငါ​သည် မိ​မိ​ဖြို​ဖျက်​ခဲ့​သော ထို​အ​ရာ​များ​ကို ပြန်​လည်​တည်​ဆောက်​လျှင် ကိုယ့်​ကိုယ်​ကိုယ် ပ​ညတ်​တ​ရား​ဖောက်​ဖျက်​ကျူး​လွန်​သူ​ဖြစ်​ကြောင်း ထင်​ရှား​စေ​ရာ​ရောက်​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 2