ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 1:10-14 Myanmar Standard Bible (MSB)

10. အ​ကြောင်း​မူ​ကား ယ​ခု ငါ​သည် လူ​တို့​ထံ​မှ​မျက်​နှာ​ရ​ရန် ကြိုး​စား​နေ​သ​လော။ သို့​မ​ဟုတ် ဘု​ရား​သ​ခင်​ထံ​မှ​မျက်​နှာ​ရ​ရန် ကြိုး​စား​နေ​သ​လော။ သို့​တည်း​မ​ဟုတ် လူ​တို့​ကို​နှစ်​သက်​စေ​ရန် ကြိုး​စား​နေ​သ​လော။ လူ​တို့​ကို​နှစ်​သက်​စေ​ရန် ငါ​ကြိုး​စား​နေ​သေး​လျှင် ငါ​သည် ခ​ရစ်​တော်​၏​အ​စေ​အ​ပါး​ဖြစ်​သည်​မ​ဟုတ်။

11. ညီ​အစ်​ကို​တို့၊ ငါ​ဟော​ပြော​သည့်​ကောင်း​မြတ်​သော​သ​တင်း​သည် လူ​က​ဖန်​တီး​ထား​သော​အ​ရာ​မ​ဟုတ်​ကြောင်း သင်​တို့​အား ငါ​သိ​စေ​လို​ပါ​၏။

12. အ​ကြောင်း​မူ​ကား ၎င်း​ကို လူ့​ထံ​မှ ငါ​ရ​ရှိ​ခဲ့​သည်​မ​ဟုတ်။ သင်​ယူ​ခဲ့​သည်​လည်း​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​တော်​၏​ဗျာ​ဒိတ်​တော်​အား​ဖြင့်​သာ ငါ​ရ​ရှိ​ခဲ့​၏။

13. ဂျူး​ဘာ​သာ​ဝင်​အ​ဖြစ် ငါ​အ​သက်​ရှင်​နေ​ထိုင်​ခဲ့​စဉ်​အ​ခါ​က ငါ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို အ​တိုင်း​ထက်​အ​လွန်​ညှဉ်း​ဆဲ​၍ ထို​အ​သင်း​တော်​ကို ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သည်​ကို​လည်း​ကောင်း၊

14. ငါ​သည် ဂျူး​ဘာ​သာ​တ​ရား​၌ ငါ့​လူ​မျိုး​ထဲ​ရှိ​သက်​တူ​ရွယ်​တူ​များ​ထက် သာ​လွန်​ပြီး ငါ့​ဘိုး​ဘေး​တို့​၏​ဓ​လေ့​ထုံး​တမ်း​များ​နှင့်​ပတ်​သက်​၍ အ​လွန်​စိတ်​အား​ထက်​သန်​ခဲ့​သည်​ကို​လည်း​ကောင်း သင်​တို့​ကြား​သိ​ထား​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 1