13. ကျူးလွန်သောအပြစ်များနှင့် ကိုယ်ကာယ၏အရေဖျားမလှီးခြင်းအဖြစ်၌ သေနေသောသင်တို့ကို ဘုရားသခင်သည် ခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူ၍ ငါတို့ကျူးလွန်သောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပြီး
14. ငါတို့ကိုဆန့်ကျင်၍အပြစ်ရှာတတ်သောစည်းမျဉ်းများပါသည့် ကတိခံဝန်ချက်ကို ပယ်ဖျက်ကာ ၎င်းကို လက်ဝါးကပ်တိုင်ပေါ်၌ရိုက်ထားလျက် ဖယ်ရှားတော်မူ၏။
15. အုပ်ချုပ်မှုများနှင့်အာဏာစက်များကိုလည်း အစွမ်းမဲ့စေ၍ လက်ဝါးကပ်တိုင်အားဖြင့် ၎င်းတို့ကို အောင်ပွဲခံလျက် အများတကာရှေ့တွင် ထင်ရှားစွာအရှက်ကွဲစေတော်မူ၏။