ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:18-21 Myanmar Standard Bible (MSB)

18. လူ​အ​ချို့​တို့​သည် သင်​တို့​ထံ​သို့ ငါ​ရောက်​လာ​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​၍ မာ​န​ထောင်​လွှား​လျက်​ရှိ​ကြ​၏။

19. သို့​သော် သ​ခင်​ဘု​ရား​အ​လို​တော်​ရှိ​လျှင် ငါ​သည် သင်​တို့​ထံ​သို့ မ​ကြာ​မီ​လာ​၍ မာ​န​ထောင်​လွှား​သော​သူ​တို့​၏​စ​ကား​မ​ဟုတ်​ဘဲ သူ​တို့​၏​တန်​ခိုး​ကို သိ​ရ​လိမ့်​မည်။

20. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် စ​ကား​၌​မ​တည်​ဘဲ တန်​ခိုး​၌​တည်​၏။

21. သင်​တို့​သည် မည်​သည့်​အ​ရာ​ကို အ​လို​ရှိ​ကြ​သ​နည်း။ ငါ​သည် သင်​တို့​ထံ​သို့ တုတ်​နှင့်​လာ​ရ​မည်​လော။ သို့​မ​ဟုတ် မေတ္တာ​နှင့် နူး​ညံ့​သိမ်​မွေ့​သော​စိတ်​တို့​ဖြင့် လာ​ရ​မည်​လော။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4