ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:6-8 Myanmar Standard Bible (MSB)

6. သို့​ရာ​တွင် ငါ​တို့​သည် စုံ​လင်​ရင့်​ကျက်​သော​သူ​တို့​အ​ထဲ​၌ ဉာဏ်​ပ​ညာ​စ​ကား​ကို​ပြော​ဆို​ကြ​၏။ ထို​သို့​ဆို​သော် ၎င်း​သည် ဤ​လော​က​၏​ဉာဏ်​ပ​ညာ​မ​ဟုတ်။ ပယ်​ဖျက်​ခြင်း​ခံ​ရ​တော့​မည့် ဤ​လော​က​ကို​အုပ်​ချုပ်​သူ​တို့​၏​ဉာဏ်​ပ​ညာ​လည်း​မ​ဟုတ်။

7. ငါ​တို့​ပြော​ဆို​သော​အ​ရာ​မှာ ဝှက်​ထား​ခြင်း​ခံ​ရ​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​ပင်​ဖြစ်​၏။ ဘု​ရား​သ​ခင်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ထို​ဉာဏ်​ပ​ညာ​ကို ငါ​တို့​၏​ဘုန်း​အ​သ​ရေ​အ​တွက် ကြို​တင်​သတ်​မှတ်​ထား​တော်​မူ​၏။

8. ဤ​လော​က​ကို​အုပ်​ချုပ်​သူ​များ​တွင် မည်​သူ​က​မျှ ထို​ဉာဏ်​ပ​ညာ​ကို​မ​သိ​ချေ။ သူ​တို့​သိ​ခဲ့​လျှင်​မူ​ကား ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​တော်​မူ​သော​သ​ခင်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခဲ့​ကြ​မည်​မ​ဟုတ်။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2