22. အကြောင်းမူကား လူအပေါင်းတို့သည် အာဒံအားဖြင့် သေဆုံးရကြသည့်နည်းတူ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်စေခြင်းကိုခံရကြလိမ့်မည်။
23. သို့သော် တစ်ဦးစီ၌ မိမိအလှည့်ရှိ၍ ခရစ်တော်သည် အသီးဦးဖြစ်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့သည် ကိုယ်တော်ကြွလာတော်မူသောအခါ ထမြောက်ကြလိမ့်မည်။
24. ထို့နောက် အဆုံးသည်ရောက်လာလိမ့်မည်။ ထိုအခါ ကိုယ်တော်သည် အုပ်ချုပ်မှုရှိသမျှ၊ တန်ခိုးနှင့်အာဏာစက်ရှိသမျှတို့ကိုဖျက်ဆီး၍ နိုင်ငံတော်ကို ခမည်းတော်ဘုရားသခင်ထံသို့ အပ်နှံတော်မူလိမ့်မည်။
25. အကြောင်းမူကား ရန်သူအပေါင်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ချထားသည်အထိ ကိုယ်တော်သည်အုပ်စိုးရမည်ဖြစ်၏။
26. ဖျက်ဆီးခြင်းခံရမည့် နောက်ဆုံးရန်သူမှာ သေခြင်းဖြစ်၏။