ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:10-14 Myanmar Standard Bible (MSB)

10. သို့​ရာ​တွင် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ယ​ခု ငါ​ဖြစ်​သည့်​အ​တိုင်း ငါ​ဖြစ်​၏။ ငါ့​အ​ပေါ်​သက်​ရောက်​သော ကိုယ်​တော်​၏​ကျေး​ဇူး​တော်​သည်​လည်း အ​ချည်း​နှီး​မ​ဖြစ်​သည်​သာ​မ​က ငါ​သည် သူ​တို့​အား​လုံး​ထက် သာ​၍​ကြိုး​စား​လုပ်​ဆောင်​ခဲ့​၏။ ထို​သို့​ဆို​သော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​က​သာ လုပ်​ဆောင်​တော်​မူ​ခြင်း​ဖြစ်​၏။

11. ထို့​ကြောင့် ငါ​ဖြစ်​စေ၊ ထို​သူ​တို့​ဖြစ်​စေ ထို​သို့​ဟော​ပြော​ကြ​၏။ သင်​တို့​သည်​လည်း ထို​သို့​ယုံ​ကြည်​ကြ​၏။

12. ခ​ရစ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီ​ဟု ဟော​ပြော​နေ​ကြ​သည်​မှန်​လျှင် သင်​တို့​ထဲ​မှ အ​ချို့​တို့​က သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု အ​ဘယ်​ကြောင့်​ပြော​ဆို​ကြ​သ​နည်း။

13. သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ခ​ရစ်​တော်​သည်​လည်း ထ​မြောက်​တော်​မူ​ခဲ့​မည်​မ​ဟုတ်။

14. ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​၏​ဟော​ပြော​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​ပြီး သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15