4. ဦးခေါင်းကိုဖုံးလျက် ဆုတောင်းခြင်း သို့မဟုတ် ပရောဖက်ပြုဟောပြောခြင်းအမှုကိုပြုသောယောက်ျားတိုင်းသည် မိမိဦးခေါင်း၏အသရေကိုရှုတ်ချ၏။
5. သို့သော် ဦးခေါင်းမဖုံးဘဲ ဆုတောင်းခြင်း သို့မဟုတ် ပရောဖက်ပြုဟောပြောခြင်းအမှုကို ပြုသောမိန်းမတိုင်းသည် မိမိဦးခေါင်း၏အသရေကိုရှုတ်ချ၏။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် ခေါင်းတုံးရိတ်ထားသည်နှင့်တူ၏။
6. ထို့ကြောင့် မိန်းမသည် မိမိဦးခေါင်းကိုမဖုံးလျှင် ဆံပင်ကိုဖြတ်ပါစေ။ သို့သော် ဆံပင်ဖြတ်ခြင်း သို့မဟုတ် ခေါင်းတုံးရိတ်ခြင်းသည် မိန်းမအတွက်ရှက်ဖွယ်ဖြစ်လျှင် ဦးခေါင်းကိုဖုံးထားပါစေ။