ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10:18-21 Myanmar Standard Bible (MSB)

18. ဇာ​တိ​အား​ဖြင့် အစ္စ​ရေး​လူ​မျိုး​ဖြစ်​သော​သူ​တို့​ကို ကြည့်​ကြ​လော့။ ယဇ်​ကောင်​တို့​ကို​စား​သော​သူ​တို့​သည် ယဇ်​ပလ္လင်​နှင့် စပ်​ဆိုင်​သော​သူ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

19. သို့​ဖြစ်​လျှင် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​သည် အ​ရေး​ပါ​သော​အ​ရာ​ဖြစ်​သည် သို့​မ​ဟုတ် ရုပ်​တု​သည် အ​ရေး​ပါ​သော​အ​ရာ​ဖြစ်​သည်​ဟု ငါ​ဆို​လို​သ​လော။

20. ထို​သို့​မ​ဆို​လို။ သူ​တို့​ပူ​ဇော်​သော​အ​ရာ​များ​သည် ဘု​ရား​သ​ခင်​ထံ​ပူ​ဇော်​ခြင်း​မ​ဟုတ်​ဘဲ နတ်​ဆိုး​များ​ထံ​ပူ​ဇော်​ကြ​ခြင်း​ဖြစ်​၏။ ငါ​သည် သင်​တို့​ကို နတ်​ဆိုး​တို့​နှင့် စပ်​ဆိုင်​သော​သူ​မ​ဖြစ်​စေ​လို​ပါ။

21. သင်​တို့​သည် သ​ခင်​ဘု​ရား​၏​ခွက်​ကို​သောက်​လျှင် နတ်​ဆိုး​တို့​၏​ခွက်​ကို သောက်​၍​မ​ရ​နိုင်။ သ​ခင်​ဘု​ရား​၏​စား​ပွဲ​ကို မျှ​ဝေ​ခံ​ယူ​လျှင် နတ်​ဆိုး​တို့​၏​စား​ပွဲ​ကို မျှ​ဝေ​ခံ​ယူ​၍​မ​ရ​နိုင်။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10