1. ချစ်ရသောသူတို့၊ ငါတို့၌ ဤသို့သော ကတိတော်များရှိကြသောကြောင့် ကိုယ်ကာယနှင့်စိတ်ဝိညာဉ်တို့၏အညစ်အကြေးရှိသမျှတို့မှ မိမိတို့ကိုယ်ကိုစင်ကြယ်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအားဖြင့် မြင့်မြတ်သန့်ရှင်းခြင်းနှင့်ပြည့်စုံကြကုန်စို့။
2. ငါတို့ကိုလက်ခံကြလော့။ ငါတို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့ကြ။ မည်သူ့ကိုမျှ မဖျက်ဆီးခဲ့ကြ။ မည်သူ့အပေါ်၌မျှ အမြတ်မထုတ်ခဲ့ကြ။
3. သင်တို့အား အပြစ်တင်လို၍ ဤသို့ ငါပြောသည်မဟုတ်။ အကြောင်းမူကား ယခင်က ငါပြောခဲ့သည့်အတိုင်း သင်တို့သည် ငါတို့၏စိတ်နှလုံးထဲ၌ သေအတူရှင်မကွာရှိနေကြ၏။