ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 5:5-11 Myanmar Standard Bible (MSB)

5. ဤ​အ​မှု​အ​ရာ​အ​တွက် ငါ​တို့​ကို​ပြင်​ဆင်​ပေး​တော်​မူ​သော​အ​ရှင်​ကား ဝိ​ညာဉ်​တော်​ကို စ​ရန်​အ​ဖြစ် ငါ​တို့​အား​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​ပေ​တည်း။

6. ထို့​ကြောင့် ငါ​တို့​သည် အ​စဉ်​အ​မြဲ​ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ကြ​၏။ ဤ​ကိုယ်​ခန္ဓာ​၌ ငါ​တို့​ရှိ​နေ​သ​ရွေ့ သ​ခင်​ဘု​ရား​နှင့်​ဝေး​ကွာ​လျက်​ရှိ​ကြောင်း​ကို​လည်း ငါ​တို့​သိ​ကြ​၏။

7. အ​ကြောင်း​မူ​ကား ငါ​တို့​သည် အ​မြင်​အား​ဖြင့်​မ​ဟုတ်​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​၏။

8. ငါ​တို့​သည် ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​၍ ကိုယ်​ခန္ဓာ​မှ​ကွာ​လျက် သ​ခင်​ဘု​ရား​နှင့်​အ​တူ​ရှိ​နေ​ရန် သာ​၍​အ​လို​ရှိ​ကြ​၏။

9. သို့​ဖြစ်​၍ ငါ​တို့​သည် ကိုယ်​ခန္ဓာ​၌​ရှိ​သည်​ဖြစ်​စေ၊ ဝေး​ကွာ​လျက်​ရှိ​သည်​ဖြစ်​စေ ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော​သူ​ဖြစ်​မည့်​အ​ကြောင်း ရည်​မှန်း​ကြိုး​စား​ကြ​၏။

10. အ​ကြောင်း​မူ​ကား ငါ​တို့​အား​လုံး​သည် ကိုယ်​ခန္ဓာ​၌​ရှိ​စဉ် ပြု​ကျင့်​သည့်​အ​တိုင်း ကောင်း​သော​အ​မှု​အ​တွက်​ဖြစ်​စေ၊ ဆိုး​ညစ်​သော​အ​မှု​အ​တွက်​ဖြစ်​စေ အ​ကျိုး​အ​ပြစ်​ကို အ​သီး​သီး​ခံ​စား​ရ​ရန် ခ​ရစ်​တော်​၏​တ​ရား​ပလ္လင်​ရှေ့​၌ ပေါ်​လာ​ကြ​ရ​မည်။

11. ထို့​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း​နှင့်​ပတ်​သက်​သည့်​အ​ကြောင်း​ကို ငါ​တို့​သိ​သ​ဖြင့် လူ​တို့​ကို​စည်း​ရုံး​ကြ​၏။ ငါ​တို့​အ​ကြောင်း​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ထင်​ရှား​ပြီ​ဖြစ်​၍ သင်​တို့​၏​အ​သိ​စိတ်​၌​လည်း ထင်​ရှား​ပြီ​ဟု ငါ​မျှော်​လင့်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 5