ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:1-5 Myanmar Standard Bible (MSB)

1. ငါ​တို့​သည် တစ်​ဖန် မိ​မိ​ကိုယ်​ကို​ထောက်​ခံ​ချီး​ကျူး​နေ​ကြ​သ​လော။ သို့​မ​ဟုတ်​လျှင် ငါ​တို့​သည် အ​ခြား​သော​သူ​များ​ကဲ့​သို့ သူ​တစ်​ပါး​ထောက်​ခံ​ပေး​သော​စာ၊ သို့​မ​ဟုတ် သင်​တို့​ထောက်​ခံ​ပေး​သော​စာ​ကို လို​အပ်​သ​လော။

2. သင်​တို့​ကိုယ်​တိုင်​သည် ငါ​တို့​စိတ်​နှ​လုံး​ထဲ​၌​ရေး​ထား​သည့် လူ​တိုင်း​ဖတ်​ရှု​လျက်​သိ​ရှိ​သော ငါ​တို့​၏​စာ​ဖြစ်​ကြ​၏။

3. သင်​တို့​သည် ငါ​တို့​ပြု​စု​သော ခ​ရစ်​တော်​၏​စာ​ဖြစ်​ကြောင်း ထင်​ရှား​လျက်​ရှိ​၏။ ထို​စာ​ကို မင်​အား​ဖြင့်​မ​ဟုတ်​ဘဲ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် ရေး​ထား​ခြင်း​ဖြစ်​ပြီး ကျောက်​ပြား​ပေါ်​၌​မ​ဟုတ်​ဘဲ လူ​၏​နှ​လုံး​သား​ပြင်​ပေါ်​၌​ရေး​ထား​ခြင်း​ဖြစ်​၏။

4. ငါ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ခ​ရစ်​တော်​အား​ဖြင့် ထို​သို့​သော​ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ကြ​၏။

5. ထို​သို့​ဆို​သော် တစ်​စုံ​တစ်​ခု​သည် ငါ​တို့​ထံ​မှ​ဖြစ်​လာ​သည်​ဟု သတ်​မှတ်​နိုင်​ရန် ငါ​တို့​၌​အ​စွမ်း​အ​စ​ရှိ​သည်​ဟု​မ​ဆို​လို။ ငါ​တို့​၏​အ​စွမ်း​အ​စ​သည် ဘု​ရား​သ​ခင်​ထံ​မှ​သာ​ဖြစ်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3