ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 13:10-13 Myanmar Standard Bible (MSB)

10. ဤ​အ​ကြောင်း​ကြောင့် ဖြို​ဖျက်​ရန်​အ​တွက်​မ​ဟုတ်​ဘဲ တည်​ဆောက်​ရန်​အ​တွက် ငါ့​အား သ​ခင်​ဘု​ရား​ပေး​တော်​မူ​သော​အ​ခွင့်​အာ​ဏာ​ကို ငါ​ရောက်​လာ​သော​အ​ခါ ပြင်း​ထန်​စွာ​အ​သုံး​မ​ချ​ရ​ရန် ငါ​သည် သင်​တို့​နှင့်​ကွဲ​ကွာ​နေ​စဉ် ဤ​အ​ကြောင်း​အ​ရာ​များ​ကို ရေး​လိုက်​၏။

11. နောက်​ဆုံး​အ​နေ​ဖြင့်​ဆို​ရ​လျှင် ညီ​အစ်​ကို​တို့၊ ဝမ်း​မြောက်​ကြ​လော့။ စုံ​လင်​ခြင်း​သို့​ရောက်​ကြ​လော့။ နှစ်​သိမ့်​ခြင်း​ကို ခံ​စား​ကြ​လော့။ တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​၍ သင့်​မြတ်​စွာ​နေ​ကြ​လော့။ ချစ်​ခြင်း​မေတ္တာ​နှင့်​ငြိမ်​သက်​ခြင်း​တို့​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။

12. အ​ချင်း​ချင်း​သန့်​ရှင်း​သော​အ​နမ်း​ဖြင့် နှုတ်​ဆက်​ကြ​လော့။ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။

13. သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​၊ ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​နှင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​တို့​သည် သင်​တို့​အား​လုံး​နှင့်​အ​တူ ရှိ​ပါ​စေ​သော​။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 13