ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 11:17-24 Myanmar Standard Bible (MSB)

17. ငါ​သည် ဤ​ကဲ့​သို့ ရဲ​ရင့်​စွာ​ဝါ​ကြွား​ပြော​ဆို​ခြင်း​မှာ သ​ခင်​ဘု​ရား​အား​ဖြင့် ပြော​ဆို​သည်​မ​ဟုတ်​ဘဲ မိုက်​မဲ​သော​သူ​ကဲ့​သို့ ပြော​ဆို​ခြင်း​ဖြစ်​၏။

18. လူ​များ​စွာ​တို့​သည် ဇာ​တိ​သ​ဘော​ဖြင့် ဝါ​ကြွား​ကြ​သည်​ဖြစ်​၍ ငါ​သည်​လည်း ဝါ​ကြွား​မည်။

19. အ​မှန်​စင်​စစ် သင်​တို့​သည် ပ​ညာ​သ​တိ​ရှိ​သော​သူ​များ​ဖြစ်​သော​ကြောင့် မိုက်​မဲ​သော​သူ​တို့​ကို ဝမ်း​မြောက်​စွာ​သည်း​ခံ​ကြ​၏။

20. တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​ကို ကျွန်​ပြု​သည်​ဖြစ်​စေ၊ အ​ခွင့်​ကောင်း​ယူ​သည်​ဖြစ်​စေ၊ လု​ယူ​သည်​ဖြစ်​စေ၊ အ​ထင်​အ​မြင်​သေး​သည်​ဖြစ်​စေ၊ ပါး​ရိုက်​သည်​ဖြစ်​စေ သင်​တို့​သည် သည်း​ခံ​ကြ​၏။

21. ငါ​တို့​သည် ထို​သို့​ပြု​ရန် အား​နည်း​ခဲ့​ကြောင်း ရှက်​ရွံ့​စွာ​ပင် ငါ​ဝန်​ခံ​၏။ သို့​သော် တစ်​ဦး​တစ်​ယောက်​သည် တစ်​စုံ​တစ်​ခု​သော​အ​ရာ​၌ ဝါ​ကြွား​ဝံ့​သည်​ဆို​လျှင် ငါ​လည်း​ဝါ​ကြွား​ဝံ့​သည်​ဟု မိုက်​မဲ​စွာ​ငါ​ပြော​၏။

22. သူ​တို့​သည် ဟေ​ဗြဲ​လူ​မျိုး​ဖြစ်​ကြ​သ​လော။ ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည် အစ္စ​ရေး​လူ​မျိုး​ဖြစ်​ကြ​သ​လော။ ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​အ​နွယ်​ဖြစ်​ကြ​သ​လော။ ငါ​လည်း​ဖြစ်​၏။

23. သူ​တို့​သည် ခ​ရစ်​တော်​၏​အ​စေ​ခံ​ဖြစ်​ကြ​သ​လော။ ငါ​သည် ပို​၍​ပင်​ဖြစ်​၏​ဟု ရူး​သွပ်​နေ​သူ​တစ်​ဦး​ကဲ့​သို့ ငါ​ဆို​၏။ ငါ​သည် ပို​၍​ကြိုး​ပမ်း​အား​ထုတ်​လျက် အ​ကြိမ်​ပေါင်း​များ​စွာ​အ​ကျဉ်း​ချ​ခံ​ရ​လျက် ပို​၍​များ​စွာ​ရိုက်​နှက်​ခြင်း​ခံ​ရ​လျက် သေ​ဘေး​နှင့် မ​ကြာ​ခ​ဏ​ရင်​ဆိုင်​ရ​၏။

24. ငါ​သည် ဂျူး​လူ​မျိုး​တို့​၏​အ​ချက်​လေး​ဆယ် တစ်​ချက်​လျော့ ရိုက်​နှက်​ခြင်း​ကို ငါး​ကြိမ်​ခံ​ခဲ့​ရ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 11