ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 10:3-7 Myanmar Standard Bible (MSB)

3. အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​သည် သွေး​သား​ဇာ​တိ​၌ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​သည်​မှန်​သော်​လည်း သွေး​သား​ဇာ​တိ​အ​လို​သို့​လိုက်​၍ တိုက်​ပွဲ​ဝင်​ကြ​သည်​မ​ဟုတ်။

4. အ​ကြောင်း​မူ​ကား တိုက်​ပွဲ​၌ ငါ​တို့​သုံး​သော​လက်​နက်​များ​သည် သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော​လက်​နက်​များ​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​အား​ဖြင့် အ​စွမ်း​ထက်​သော​လက်​နက်​များ​ဖြစ်​ကြ​ပြီး ခံ​တပ်​များ​ကို​ပင် ဖြို​ဖျက်​နိုင်​သည်​သာ​မ​က

5. ဘု​ရား​သ​ခင်​ကို​သိ​သော​ဉာဏ်​ကို ဆန့်​ကျင်​တား​ဆီး​သည့် စဉ်း​စား​ဆင်​ခြင်​မှု​နှင့်​မာန်​မာ​န​ရှိ​သ​မျှ​တို့​ကို​ဖြို​ဖျက်​၍ ခပ်​သိမ်း​သော​တွေး​တော​ကြံ​စည်​မှု​များ​ကို ဖမ်း​ဆီး​ချုပ်​နှောင်​ကာ ခ​ရစ်​တော်​အား နာ​ခံ​စေ​ကြ​၏။

6. သင်​တို့​သည် နာ​ခံ​မှု​နှင့်​ပြည့်​စုံ​သော​အ​ခါ မ​နာ​ခံ​မှု​ရှိ​သ​မျှ​တို့​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ရန် ငါ​တို့​အ​သင့်​ရှိ​ကြ​၏။

7. သင်​တို့​သည် အ​ပြင်​ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​နေ​ကြ​၏။ မည်​သူ​မ​ဆို မိ​မိ​ကိုယ်​ကို ခ​ရစ်​တော်​နှင့်​ဆိုင်​သော​သူ​ဖြစ်​သည်​ဟု ယုံ​မှတ်​လျှင် သူ​သည် ခ​ရစ်​တော်​နှင့်​ဆိုင်​သော​သူ​ဖြစ်​သ​ကဲ့​သို့ ငါ​တို့​သည်​လည်း ခ​ရစ်​တော်​နှင့်​ဆိုင်​သော​သူ​ဖြစ်​ကြောင်း သူ​ကိုယ်​တိုင် ပြန်​လည်​ဆင်​ခြင်​သိ​မှတ်​ပါ​စေ။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 10