၄ ရာ 1:1-3 Common Language Bible (BCL)

1. ဣသ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ကွယ်​လွန်​သော​အ​ခါ မော​ဘ​ပြည်​သည်​ဣသ​ရေ​လ​ပြည်​ကို​ပုန်​ကန် လေ​သည်။

2. ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ​သည် ရှ​မာ​ရိ​မြို့ နန်း​တော်​အ​မိုး​ထက်​ရှိ​လ​သာ​ဆောင်​မှ​လိမ့် ကျ​သ​ဖြင့် ပြင်း​ထန်​စွာ​ဒဏ်​ရာ​ရ​ရှိ​၏။ သို့ ဖြစ်​၍​သူ​သည်​ဖိ​လိတ္တိ​ပြည်​ဧ​ကြုန်​မြို့​၏​ဘု​ရား ဗာ​လ​ဇေ​ဗုပ်​ထံ​သံ​တ​မန်​များ​စေ​လွှတ်​ကာ မိ​မိ​ပြန်​လည်​ကျန်း​မာ​လာ​မည်​မ​လာ​မည် ကို​စုံ​စမ်း​မေး​မြန်း​စေ​၏။-

3. သို့​ရာ​တွင်​ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် တိ​ရှ​ဘိ​မြို့​သား​ပ​ရော​ဖက်​ဧ​လိ​ယ အား``အာ​ခ​ဇိ​မင်း​၏​သံ​တ​မန်​များ​နှင့်​သွား ရောက်​တွေ့​ဆုံ​လော့။ သူ​တို့​အား​ဣ​သ​ရေ​လ ပြည်​တွင်​ဘု​ရား​မ​ရှိ​သော​ကြောင့် ဧ​ကြုန် ဘု​ရား​ဗာ​လ​ဇေ​ဗုပ်​ထံ​သွား​ရောက်​စုံ​စမ်း မေး​မြန်း​ရ​သ​လော​ဟု​မေး​လော့။-

၄ ရာ 1