12. ရှောလမုန်မင်းသည်ဘုရင်မထံမှရရှိသည့် လက်ဆောင်များအတွက် မိမိပြန်လည်ပေးသည့် လက်ဆောင်များအပြင်ဘုရင်မအလိုရှိ သမျှသောအရာများကိုပေးတော်မူ၏။ ထို နောက်ဘုရင်မနှင့်အခြွေအရံတို့သည် ရှေဘပြည်သို့ပြန်သွားကြ၏။
13-14. ကုန်သည်တို့ပေးသွင်းသည့်အခွန်တော်များ အပြင်နှစ်စဉ်နှစ်တိုင်းရှောလမုန်မင်းထံဆက် သွင်းရသောရွှေချိန်မှာနှစ်ဆယ့်ငါးတန်ကျော် ကျော်ဖြစ်၏။ အာရပ်ဘုရင်များနှင့်ဣသရေလ နယ်မြေဘုရင်ခံများကလည်းမင်းကြီးထံ ရွှေ၊ နှင့်ငွေများကိုဆက်သွင်းရကြသည်။-
15. ရှောလမုန်သည်တစ်ဆယ့်ငါးပေါင်နီးပါး စီရှိသည့်ရွှေပြားများဖြင့်မွမ်းမံထားသည့် ဒိုင်းကြီးနှစ်ရာ၊-
16. ရှစ်ပေါင်နီးပါးစီရှိသည့်ရွှေပြားများဖြင့် မွမ်းမံထားသောဒိုင်းငယ်သုံးရာကိုပြုလုပ် တော်မူသည်။ သူသည်ထိုဒိုင်းအားလုံးကို လေဗနုန်တောခန်းမဆောင်တွင်ထားရှိ စေ၏။
17. မင်းကြီးသည်တစ်ပိုင်းကိုဆင်စွယ်ဖြင့်လည်း ကောင်း၊ ကျန်တစ်ပိုင်းကိုရွှေစင်ဖြင့်လည်း ကောင်းမွမ်းမံထားသောရာဇပလ္လင်ကြီး ကိုပြုလုပ်စေတော်မူ၏။-