၂ ရာ​ချုပ် 30:21-23 Common Language Bible (BCL)

21. ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​လျက်​နေ​သော လူ​တို့​သည် အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ခု​နစ်​ရက်​တိုင်​တိုင်​တ​ဆေး​မဲ့​မုန့်​ပွဲ​တော် ကို​ကျင်း​ပ​ကြ​ကုန်​၏။ လေ​ဝိ​အ​နွယ်​ဝင် များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တစ်​နေ့​ပြီး တစ်​နေ့ ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​အ​စွမ်း ကုန်​ချီး​မွမ်း​ကြ​လေ​သည်။-

22. ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို ကျွမ်း​ကျင်​စွာ​စီ​စဉ်​ဆောင်​ရွက်​ပေး​သည့် အ​တွက် ဟေ​ဇ​ကိ​မင်း​သည်​လေဝိ​အ​နွယ် ဝင်​တို့​ကို​ချီး​ကူး​တော်​မူ​၏။သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ထော​မ​နာ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ယဇ်​ပူ​ဇော်​ကြ​ပြီး​သော အ​ခါ၊-

23. နောက်​ထပ်​ခု​နစ်​ရက်​ကျင်း​ပ​ရန်​ဆုံး​ဖြတ်​ကြ လျက် ထို​ပွဲ​တော်​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ဆက်​လက်​ကျင်း​ပ​ကြ​ကုန်​၏။-

၂ ရာ​ချုပ် 30