15. ဘာသာရေးထုံးနည်းအရသန့်စင်မှုကိုမပြု ခဲ့သူ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့သည် လွန်စွာအရှက်ရ၍ မိမိတို့ကိုယ်ကို ထာဝရဘုရားအားဆက်ကပ်ကြသဖြင့် ယခု အခါဗိမာန်တော်တွင်မီးရှို့ရာယဇ်များကို ပူဇော်နိုင်ကြ၏။-
16. သူတို့သည်ဘုရားသခင်၏အစေခံမောရှေ စီရင်သည့်ပညတ်ကျမ်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်အညီဗိမာန်တော်တွင် နေရာယူကြ၏။ လေဝိအနွယ်ဝင်တို့က ယဇ်ကောင်များ၏သွေးကိုယဇ်ပုရောဟိတ် တို့အားပေးအပ်၍ ယဇ်ပုရောဟိတ်တို့က ထိုသွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်း ကြလေသည်။-
17. လူအမြောက်အမြားပင်လျှင်ဘာသာရေးထုံး နည်းအရမသန့်စင်သူများဖြစ်သဖြင့် ပသခါ သိုးတို့ကိုမသတ်နိုင်ကြ။ သို့ဖြစ်၍သူတို့ကိုယ် စားလေဝိအနွယ်ဝင်များကသိုးတို့ကိုသတ် ပြီးလျှင် ထာဝရဘုရားအားဆက်ကပ်ပူဇော် ပေးကြ၏။-