၂ ရာ​ချုပ် 3:9-16 Common Language Bible (BCL)

9. ရွှေ​သံ​မှို​များ​ပြု​လုပ်​ရာ​တွင်​ရွှေ​အောင်​စ​နှစ် ဆယ်​ကုန်​လေ​သည်။ အ​ထက်​ခန်း​များ​၏​နံ​ရံ တို့​ကို​လည်း​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သ​တည်း။

10. မင်း​ကြီး​သည်​မိ​မိ​၏​လက်​မှု​ပ​ညာ​သည်​တို့ အား​ခေ​ရု​ဗိမ်​နှစ်​ပါး​ရုပ်​များ​ကို​ထု​လုပ်​စေ ၍ ရွှေ​နှင့်​မွမ်း​မံ​ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​တွင်​ထား​ရှိ​စေ​တော်​မူ​၏။-

14. အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​တွက်​ပိတ်​ချော ချည်​မှ​စ​၍​အ​ပြာ၊ အ​မောင်း၊ အနီ​ချည်​တို့​ဖြင့် ပြီး​၍​ခေ​ရု​ဗိမ်​ရုပ်​များ​ဖြင့်​ခြယ်​လှယ်​ထား သော​ကန့်​လန့်​ကာ​ကို​လည်း​ယက်​လုပ်​ထား လေ​သည်။

15. မင်း​ကြီး​သည်​ငါး​ဆယ့်​နှစ်​ပေ​မြင့်​သော​တိုင် ကြီး​နှစ်​လုံး​ကို​သွန်း​လုပ်​ပြီး​လျှင်​ဗိ​မာန်​တော် ၏​ရှေ့​တွင်​ထား​တော်​မူ​၏။ တိုင်​ထိပ်​တစ်​ခု​စီ ပေါ်​တွင်​ခု​နစ်​ပေ​ခွဲ​မြင့်​သော​တိုင်​အုပ်​ရှိ​၏။-

16. တိုင်​ထိပ်​များ​မှာ​ထု​လုပ်​သော​ပန်း​ကုန်း​နှင့် ကြေး​ဝါ​သ​လဲ​သီး​တစ်​ရာ​စီ​ဖြင့်​တန်​ဆာ ဆင်​ထား​လေ​သည်။-

၂ ရာ​ချုပ် 3