24. ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် အပြစ်ဖြေ ရာယဇ်ကိုပူဇော်ရန်မင်းကြီးအမိန့်ပေး ထားသည့်အတိုင်း ဆိတ်များကိုသတ်၍ ယဇ်ပလ္လင်ပေါ်သို့သွေးကိုသွန်းလောင်းကြ လေသည်။
25. မင်းကြီးသည်ဒါဝိဒ်မင်းအား ဘုရင့်ပရော ဖက်ဂဒ်နှင့်ပရောဖက်နာသန်အားဖြင့် ထာဝရဘုရားပေးတော်မူသည့်ညွှန်ကြား ချက်များကိုလိုက်နာကာစောင်းများ၊ လင်း ကွင်းများကိုင်သူလေဝိအနွယ်ဝင်တို့ကို နေရာချထားတော်မူ၏။-
26. သူတို့သည်ဒါဝိဒ်မင်းအသုံးပြုခဲ့သော တူရိယာမျိုးများကိုကိုင်၍ရပ်နေကြ၏။ ယဇ်ပုရောဟိတ်များကတံပိုးခရာများ ကိုင်၍ရပ်နေကြ၏။-
27. မီးရှို့ရာပူဇော်သကာများကိုဆက်သရန် မင်းကြီးအမိန့်ပေးတော်မူသဖြင့် ပူဇော် ဆက်သမှုကိုအစပြုသောအခါလူတို့ သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလေသည်။ ဂီတပညာသည်တို့လည်း တံပိုးခရာ များနှင့်အခြားတူရိယာများကိုတီး မှုတ်ကြလေသည်။-
28. ထိုအရပ်တွင်ရှိနေသောသူအပေါင်းတို့ သည် ယဇ်များကိုမီးရှို့ပူဇော်ပြီးသည် အထိပါဝင်၍ဝတ်ပြုကိုးကွယ်ကြ၏။ သီချင်းသီဆိုသူများကသီချင်းသီဆို၍ တံပိုးခရာမှုတ်သူများကတံပိုးခရာ မှုတ်ကြကုန်၏။-