၂ ရာ​ချုပ် 23:8-10 Common Language Bible (BCL)

8. လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ယု​ဒ​ပြည်​သူ အ​ပေါင်း​တို့​သည် ယော​ယ​ဒ​၏​အ​မိန့်​ကို နာ​ခံ​ကြ​လေ​သည်။ ဥ​ပုသ်​နေ့​၌​သူ​တို့​သည် မိ​မိ​တို့​တာ​ဝန်​ချိန်​ကုန်​ဆုံး​သွား​သော်​လည်း အိမ်​သို့​မ​ပြန်​ရ​ကြ။ သို့​ဖြစ်​၍​တာ​ဝန်​မှူး တို့​သည်​တာ​ဝန်​ကျ​သူ​များ​နှင့် တာ​ဝန် ပြီး​ဆုံး​သူ​များ​ကို​ပါ​ခေါ်​ယူ​စေ​ခိုင်း နိုင်​ကြ​၏။-

9. ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​ဒါ​ဝိဒ်​ထား ရှိ​သည့်​လှံ​များ​နှင့် ဒိုင်း​လွှား​များ​ကို​အ​စောင့် တပ်​မှူး​တို့​အား​ပေး​အပ်​လေ​သည်။-

10. သူ​သည်​မင်း​လောင်း​အား​စောင့်​ရှောက်​ကြည့်​ရှု​ရန် ဋ္ဌား​လွတ်​ကိုင်​တပ်​သား​များ​ကို​ဗိ​မာန်​တော် အ​ရှေ့​ဘက်​တစ်​ဝိုက်​တွင်​နေ​ရာ​ယူ​စေ​၏။-

၂ ရာ​ချုပ် 23