၂ ကော 2:5-9 Common Language Bible (BCL)

5. တစ်​စုံ​တစ်​ယောက်​သည်​လူ​တစ်​ဦး​အား​ဝမ်း​နည်း စေ​သော​အ​ခါ​ငါ့​အား​သာ​မ​က သင်​တို့​အား​လုံး ကို​မ​ဟုတ်​လျှင်​သင်​တို့​အချို့​အ​ဝက်​ကို​လည်း ဝမ်း​နည်း​စေ​သည်။ (ထို​သူ​ကို​ကျပ်​တည်း​စွာ မ​စီ​ရင်​လို​၍​ဤ​သို့​ဆို​ခြင်း​ဖြစ်​သည်။-)

6. သင်​တို့​လူ​များ​စု​၏​ဒဏ်​ပေး​မှု​ကို​ခံ​ရ​ခြင်း သည်​ပင်​လျှင် ထို​သူ့​အ​တွက်​လုံ​လောက်​သော အ​ပြစ်​ဒဏ်​ဖြစ်​၏။-

7. ထို​သူ​သည်​မ​ခံ​မ​ရပ်​နိုင်​လောက်​အောင်​ဝမ်း နည်း​မှု​မ​ဖြစ်​စေ​ရန် ယ​ခု​သူ့​အား​သင်​တို့ အ​ပြစ်​လွှတ်​၍​နှစ်​သိမ့်​အား​ပေး​ကြ​လော့။-

8. သို့​ဖြစ်​၍​သင်​တို့​သည်​သူ့​ကို​အ​မှန်​တ​ကယ် မေတ္တာ​ထား​ကြောင်း​ကို သူ​သိ​ရှိ​နား​လည်​အောင် ပြု​ကြ​ရန်​သင်​တို့​အား​ငါ​တောင်း​ပန်​၏။-

9. ယ​ခင်​က​ငါ​စာ​ရေး​ခဲ့​ရ​သည့်​အ​ကြောင်း​မှာ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​အ​ဘယ် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​ညွှန် ကြား​ချက်​များ​ကို​လိုက်​နာ​ရန်​အ​စဉ်​အ​သင့် ရှိ​မ​ရှိ​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​ဖြစ်​၏။-

၂ ကော 2