9. သို့ဖြစ်၍ငါသည်စာများရေး၍သင်တို့ အားခြောက်လှန့်နေသည်ဟုမထင်စေလို။-
10. ``ပေါလု၏စာများသည်ပြင်းထန်၍အာဏာ ပါသည့်စာများဖြစ်၏။ သို့သော်ငါတို့ရှေ့မှောက် ၌မူသူသည်သတ္တိကြောင်သူ၊ အဟောအပြော ညံ့သူဖြစ်သည်'' ဟုပြောဆိုသူရှိလိမ့်မည်။-
11. ငါတို့သည်အဝေး၌ရှိစဉ်အခါကစာရေး ပြောကြားလိုက်သည်အတိုင်းပင် လူကိုယ်တိုင် ရောက်ရှိလာချိန်၌ပြုမူဆောင်ရွက်မည်ဖြစ် ကြောင်းထိုသူအားအသိပေးလိုက်သည်။