၁ ရာ​ချုပ် 7:8-12 Common Language Bible (BCL)

8. ဗေ​ခါ​တွင်​ဇေ​မိ​ရ၊ ယော​ရှ၊ ဧ​လျေ​ဇာ၊ ဧ​လိ သြ​နဲ၊ သြ​မ​ရိ၊ ယေ​ရိ​မုတ်၊ အ​ဘိ​ယ၊ အာ​န သုတ်၊ အာ​လ​မက်​ဟူ​၍​သား​ကိုး​ယောက်​ရှိ​၏။-

9. အ​စိုး​ရ​မှတ်​တမ်း​အ​ရ​သူ​တို့​၏​သား​မြေး များ​တွင် အိမ်​ထောင်​စု​အ​လိုက်​စစ်​မှု​ထမ်း​ရန် အ​ရည်​အ​ချင်း​ပြည့်​သူ​များ​မှာ လူ​ပေါင်း နှစ်​သောင်း​နှစ်​ရာ​ယောက်​ရှိ​၏။

10. ယေ​ဒ​ယေ​လ​တွင်​ဗိ​လ​ဟန်​ဟူ​သော​သား တစ်​ယောက်​ရှိ​၏။ ဗိ​လ​ဟန်​တွင်​ယု​ရှ၊ င်္ဗယာ​မိန်၊ ဧ​ဟုတ်၊ ခေ​နာ​န၊ ဇေ​သန်၊ သာ​ရှိ​ရှ၊ အ​ဟိ ရှ​ဟာ​ဟူ​၍​သား​ခု​နစ်​ယောက်​ရှိ​၏။-

11. သူ​တို့​အား​လုံး​သည်​မိ​မိ​တို့​သား​ချင်း​စု ထဲ​မှ​အိမ်​ထောင်​ဦး​စီး​များ၊ ထင်​ပေါ်​ကျော် စော​သော​စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့ ၏​သား​မြေး​များ​တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည် အ​ချင်း​ပြည့်​သူ​လူ​ပေါင်း​တစ်​သောင်း​ခုနစ် ထောင့်​နှစ်​ရာ​ယောက်​ရှိ​သည်။-

12. ရှု​ပိမ်​နှင့်​ဟု​ပိမ်​တို့​သည်​လည်း​ဤ​အ​နွယ်​စု တွင်​ပါ​ဝင်​ကြ​သ​တည်း။ဒန်​တွင်​ဟု​ရှိမ်​ဟူ​သော​သား​တစ်​ယောက်​ရှိ​၏။

၁ ရာ​ချုပ် 7