၁ ရာ​ချုပ် 7:21-24 Common Language Bible (BCL)

21. ဇာ​ဗဒ်​နှင့်​ရှု​သေ​လ​တို့​ဖြစ်​၏။ ဧ​ဖ​ရိမ်​တွင် ဧ​ဇာ​နှင့်​ဧ​လဒ်​ဟူ​သော​သား​နှစ်​ယောက်​ရှိ သေး​၏။ သူ​တို့​သည်​ဂါ​သ​မြို့​နေ​တိုင်း​ရင်း သား​တို့​၏​နွား​များ​ကို ခိုး​ယူ​ရန်​ကြိုး​စား သည့်​အ​တွက်​အ​သတ်​ခံ​ရ​ကြ​၏။-

22. ဖ​ခင်​ဖြစ်​သူ​ဧဖရိမ်​သည်​သား​နှစ်​ယောက် အ​တွက် ရက်​ပေါင်း​များ​စွာ​ငို​ကြွေး​မြည် တမ်း​လျက်​နေ​သ​ဖြင့် သူ​၏​ညီ​အစ်​ကို များ​လာ​ရောက်​၍​သူ့​အား​နှစ်​သိမ့်​ကြ​၏။-

23. ထို​နောက်​သူ​သည်​မိ​မိ​၏​ဇနီး​နှင့်​ကိုယ်​လက် နှီး​နှော​ပြန်​သ​ဖြင့် ဇ​နီး​သည်​တွင်​ကိုယ်​ဝန် ရှိ​၍​သား​တစ်​ယောက်​ကို​ဖွား​မြင်​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​အိမ်​ထောင်​သို့​ဆိုက်​ရောက် ခဲ့​သော​ဒုက္ခ​ကို​အ​ကြောင်း​ပြု​၍​ထို​သား အား​ဗေ​ရိ​ယ​ဟု​နာ​မည်​မှည့်​ကြ​၏။

24. ဧ​ဖ​ရိမ်​တွင်​ရှေ​ရ​နာ​မည်​တွင်​သော​သ​မီး တစ်​ယောက်​ရှိ​၏။ ထို​အ​မျိုး​သ​မီး​သည် အ​ထက်​ဗေ​သော​ရုန်​မြို့၊ အောက်​ဗေ​သော​ရုန် မြို့​နှင့်​သြ​ဇင်​ရှေ​ရ​မြို့​တို့​ကို​တည်​ထောင် သူ​ဖြစ်​၏။

၁ ရာ​ချုပ် 7